6

754 71 4
                                    

အဆင့် - C A R E

ဖျားသွားတာကို တကယ်ကျေးဇူးတင်တယ်။

မနေ့ကရုတ်တရက်ကြီး phi ကဘာဖြစ်သွားမှန်းမသိတာကြောင့် ငါ ဖုန်းဆက်ကာ အကျိုးအကြောင်းလှမ်းမေးလိုက်တော့မှ "phi မင်းကိုအားနာသွားလို့ပါ" တဲ့လေ။

ဘာတွေလာအားနာနေတာလဲ အဲ့လူကြီးကလဲ။

အခုထိအဖျားက အရမ်းမကျသေးတာကြောင့် ကျောင်းမတက်ဘဲ အိမ်မှာဘဲနေလိုက်ရသည်။ငါ့ရဲ့ တဦးတည်းသော သူငယ်ချင်းလေးကတော့ ငါ့အားလာမပြုစုဘဲ ကျောင်းဆေးခန်းကသူ့ဒေါက်တာလေးကိုကာကွယ်ဖို့ ကျောင်းသွားသည်တဲ့လေ။

နေ့လည်ထိ ငါ အိပ်ရင်းနဲ့ဘဲဖြတ်သန်းခဲ့သည်။ငါ ပြန်နိုးလာတော့ ငါ့အမေက ဆန်ပြုတ် လာကျွေးရင်း မနေ့ကကောင်လေးရောက်လာတယ် ပြောသည်။

"သားအခန်းထဲဘဲလာခိုင်းလိုက် mae သားမထနိုင်လို့"

ငါ maeရဲ့လက်မောင်းကိုဖက်ကာ ပြောလိုက်သည်။

"အပျင်းတစ်နေတာ ကြည့်အုန်း ဟုတ်ပါပြီရှင့် ပြောလိုက်မယ်"

ငါ့အမေက ပြောရင်း အခန်းပြင်ပြန်ထွက်သွားသည်။ခနအကြာ တံခါးကပွင့်လာတာနဲ့အမျှ...

"မင်းအခုမှဘာလာလုပ်တာလဲ လင်အတွက်နဲ့ ဖျားနေတဲ့သူငယ်ချင်းကိုတောင်ပစ်သွားတဲ့ကောင်"

ငါ့ဘေးနားကအရုပ်နဲ့ပါ တံခါးကိုပစ်ပေါက်ပလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ fourth"

ဟမ် ဒါ winny ရဲ့အသံနဲ့လဲမတူဘူး...

"P'gem!! ကျတော်တောင်းပန်ပါတယ် ဟို.. Winny ထင်လို့ပါ"

ငါ ကပြာကယာတောင်းပန်ရင်း phi ထိုင်ဖို့ ကုတင်နေရာကိုနည်းနည်းဖယ်ပေးလိုက်သည်။

"အရုပ်လေးပြန်ကောက်ခဲ့နော် phi"

Phi က ငါ့အားကြည့်လာတော့ ငါ သွားဖြီးပြလိုက်သည်။သက်ပြင်းချလျက် ခေါင်းကိုခါရင်း ကြမ်းပြင်ကအရုပ်ကိုကောက်ကာ ငါ ဖယ်ပေးထားတဲ့နေရာကိုလာထိုင်သည်။

Step by step[Complete]Where stories live. Discover now