"Fourth ငါနဲ့စကားပြောရအောင်"
Winny စကားကို fourth ကခေါင်းငြိမ့်ကာတုံ့ပြန်ရင်း တဖက်သို့ထွက်သွားကြသည်။
"Gemini မင်းတို့အခြေအနေဘယ်လိုလဲ"
Fourth ကိုကြည့်နေတဲ့ Gemini အား satang ကမေးသည်။
"သူငါ့ကိုရှောင်နေတယ် မင်းတို့အိမ်ကနေပြန်ရင် စကားသေချာပြောကြည့်မလို့"
"အင်း winny ငါ့ကိုပြောပြထားတာရှိတယ် fourth ဘာလို့ဒီလောက်စိတ်ဆိုးနေတာလဲဆိုတာလေ"
"ဘာလို့လဲ မင်း ငါ့ကိုပြောပြလို့ရတယ်မလား"
________________________
လွန်ခဲ့တဲ့ ၃ရက် ငါတို့ပြဿနာဖြစ်တဲ့နေ့"Fourth!!"
ထွက်ပြေးသွားတဲ့ fourth ကို winny ကလှမ်းခေါ်လိုက်သည်။
"မင်းစိတ်ကိုအေးအေးထားပါအုန်း ဆရာနဲ့စကားသွားပြောလိုက်ပါ"
"အခုလိုမြင်နေတာတောင် ငါကဘာသွားပြောရမှာလဲ"
"ဟိတ် fourth ဆိုတာလား"
ငါတို့ဆီစကားလာပြောတဲ့ ခုနက p'gem နဲ့နမ်းနေတဲ့ အမျိုးသမီး
"ခများဘာလာလုပ်တာလဲ"
ပြန်ပြောနေတဲ့ winny ကိုငါတားလိုက်သည်။
"Winny မပြောနဲ့တော့"
"Fourth မင်းနဲ့စကားပြောချင်လို့ပါ တို့သတင်းတွေကြားထားသလာက် မင်းနဲ့ gemက ဆရာတပည့်ဆက်ဆံရေးထက်ပိုနေသလိုဘဲနော် ပြီးတော့ gem ကမင်းလိုယောကျာ်းတယောက်ကိုကြိုက်မယ်ထင်နေတာလား"
"ကြိုက်လို့ဘဲ ခုနကဖြစ်သွားတာကိုကြည့်လေ အဒေါ်ရဲ့"
Winny ဆီကစကားကိုကြားတော့ အဲ့အမျိုးသမီးဟာ စိတ်တိုသွားဟန်
"ဘာဘဲဖြစ်ဖြစ် gem နဲ့တို့နဲ့ကအလယ်တန်းထဲကသိလာကြတာပါ သူ့အကြောင်းကို တို့ကပိုသိသလို သူနဲ့တို့ကဟိုးအရင်ထဲကဇာတ်လမ်းတွေရှိခဲ့ဖူးပါတယ်"
"အဲ့တာ ကျတော်တို့နဲ့ဘာဆိုင်လို့လဲ"
"ပြောပြထားတာပါ တော်ကြာ အရင်လူဖြစ်တဲ့ တို့ ဆီပါသွားလို့ အခုလိုလာငိုနေမှာစိုးရိမ်လို့ ကဲ တို့ သွားတော့မယ်"
YOU ARE READING
Step by step[Complete]
Fanfiction"ကလေးတွေကို စိတ်မဝင်စားဘူး" Gemini X Fourth Winny X Satang COMPLETE