12

509 47 11
                                    

"မင်းတို့အခြေအနေဘယ်လိုလဲ"

Winny အမေးကိုသူခေါင်းခါ၍သာ ဖြေလိုက်သည်။

"အဆင်မပြေဘူးလား"

"အင်း"

"ဆရာနဲ့အတူတူလိုက်လာတာဆို ကားပေါ်မှာဘာမှမပြောဘူးလား"

"အင်း စကားမပြောတတ်တော့ဘူးလားမသိဘူး"

"မင်းရှောင်နေတာတော့ သူသတိထားမိလား"

"အကလေ့ကျင့်နေတုန်း လာမေးတယ်"

"မင်းဘာပြောလိုက်လဲ နေဦး မင်းကဘာလို့အကလေ့ကျင့်တာလဲ"

"မသိဘူးလေ အတန်းခေါင်းဆောင်က ဆရာတွေကထည့်လိုက်တယ်ဆိုလို့"

"အဲ့ကောင်ကိုမင်းယုံလား"

"မယုံပါဘူး ဒါမဲ့ မင်းလင်ရဲ့သူငယ်ချင်းကသူ့ရုံးခန်းထဲခေါ်ထားလို့ အကလေ့ကျင့်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မသွားဘဲနေနေတာ"

"မင်းကို ဆရာကရုံးခန်းထဲခေါ်တယ်ပေါ့"

"အင်း ငါအကြောင်းပြချက်တွေရှာပြီးမသွားတာ"

"ဘာလို့လဲ"

"လင်ရပြီးတော့မှ အမေးအမြန်းထူလိုက်တာ winny ရာ"

"ပိတ်ရိုက်ပလိုက်ရ ဒါနဲ့ ငါ ဟိုကိစ္စ ဒေါက်တာ့ကိုပြောလိုက်တယ်"

"ဘာကိစ္စလဲ"

"ဟိုအဒေါ်ကြီးငါတို့ကိုလာပြောတဲ့ကိစ္စလေ"

"လိ့ ငါမင်းကိုမပြောဖို့မှာထားတာလေကွာ"

"အဲ့အဒေါ်ကြီးပြောသွားတဲ့စကားတွေကြောင့် မင်းဆရာ့ကိုရှောင်နေတာမလား ငါမယုံလို့ဒေါက်တာ့ကိုပြန်မေးထားတယ်"

"အဲ့တော့ ဘာပြောင်းသွားမှာမို့လို့လဲ မင်းလိုကောင်က လင်ကိုအကုန်ပြန်ပြောတာမေ့သွားတယ်"

"လိ့ မေလိုး"

Winny စေတနာနဲ့မတန်တဲ့ကောင်ကိုဆဲနေတုန်း အနောက်ကအသံတသံကြားလိုက်သည်။

"Fourth ကိုယ်နဲ့စကားပြောရအောင်"

"ဟင့်အင်း"

Step by step[Complete]Where stories live. Discover now