9

756 64 11
                                    

အခန်းထဲဝင်လျက် ရေးလက်စ ဒိုင်ယာရီစာအုပ်ကိုလှန်ကာ ငါ ဘောပင်ကိုကိုင်လိုက်သည်။

အဆင့် ကနေ အဆင့် ထိအစဉ်လိုက်ရေးထားသော စာကြောင်းအောက်ကြား ငါ ရေးလိုက်သည်။

IT'S OVER

"အဆင့်တွေမလိုတော့ဘူး ငါတို့ကပြီးဆုံးသွားပြီ"

စာရွက်များအား ဆုတ်ဖြဲပစ်ချင်တဲ့စိတ်ကို ထိန်းထားရသည်မှာ ငါ့လက်တွေပင်တုန်နေသည်။

ထိုသူ့အကြောင်းရေးထားတဲ့ စာရွက်တွေအား ငါ ပြန်ဖတ်ရင်း စာရွက်ပေါ် ကျဆင်းလာတဲ့ မျက်ရည်တွေကြောင့် ငါ့မျက်ရည်တွေအား သုတ်လိုက်သည်။

စာရွက်တရွက် လှန်လိုက်တိုင်း ကျဆင်းလာသည့် မျက်ရည်များအား ငါတားဆီးမရနိုင်တော့ပါ။
___________________
အဲ့နေ့မနက်မှာ....

*ဒေါက် ဒေါက် ဒေါက်*

"Phi ကျတော်ဝင်လာပြီနော်"

ကျောင်းဆင်းတော့ စာသင်နေကျ phi ရဲ့အိမ်ကိုသွားကာ အခန်းထဲဝင်လာမည်ကို အသိပေးလိုက်သည်။

"အင်း"

Phi က ငါ့အား တချက်ပင်လှည့်မကြည့်ဘဲ စာအုပ်အားဆက်၍ ဖတ်နေသည်။

"P'gem"

"အင်း"

"ဘာဖြစ်နေတာလဲဟင်"

ငါ နေရခက်တာနဲ့ မေးလိုက်သည်။

"ဘာလို့လာတာလဲ မင်းတို့အတန်းခေါင်းဆောင်ကိုဘဲ သင်ခိုင်းလိုက်လေ"

"ဗျာ..."

Phi ပြောသည်ကို ငါနားမလည်ပေ။

"ထားတော့ ဒီနေ့ စာသင်ဖို့စိတ်မပါဘူး မင်းပြန်လို့ရပြီ"

"ဟမ် phi"

"ဘာလဲ"

"အာ ဟုတ်"

ငါ အခုလိုအခြေအနေကြီးကိုမကြိုက်ပါ။phi ဘာဖြစ်နေမှန်း ငါမသိ။

"ကျတော်ပြန်တော့မယ်နော်"

"အင်း"

အဆုံးထိ အင်း ကလွဲပြီးတခြားဘာမှသိပ်မပြောပေ။ထိုနေ့ ငါ သက်ပြင်းချပြီး phi ရဲ့အမေကို နှုတ်ဆက်ကာပြန်လာလိုက်သည်။
_______________________
"Gem"

Step by step[Complete]Where stories live. Discover now