14

521 48 5
                                    

နာကျင်လွန်းတဲ့ ဒီခံစားချက်က ထိခိုက်မိထားတဲ့ ငါ့ခန္ဓာကိုယ်ကြောင့်လား။သေဆုံးသွားတဲ့ငါ့ရင်ဘတ်ကြောင့်လား။

"သတိရလာပြီလား မောင် အဆင်ပြေရဲ့လား"

အံဩစရာဘဲ။အံဩဖွယ်ရာ မြင်ကွင်းဘဲ။

ငါချစ်ရတဲ့ဒေါက်တာက သတို့သားဝတ်စုံအစား scrubs ကိုဝတ်ဆင်ထားကာ ငါ့ဘေးနားမှာရှိနေတယ်။ပြီးတော့ "မောင်" တဲ့ ငါ့နားများ ထိခိုက်မှုကြောင့် တခုခုဖြစ်သွားတာလား။

"ကျတော်အခုဘယ်မှာလဲ"

"ဆေးရုံမှာလေ"

"အော် fourth ကော"

"ခေါ်ပေးမယ်နော် ခန"

ဒေါက်တာသွားပြီးခနအကြာ fourth နဲ့အတူဝင်လာသည်။

"အဆင်ပြေရဲ့လား တော်သေးတယ် ဒေါက်တာ မင်းကိုကယ်ခဲ့လို့"

"ဒေါက်တာ ပြန်တော့လေ"

"ဟမ်"

ငါ့စကားကြောင့် နှစ်ယောက်လုံးကြောင်သွားသည်။

"ဘယ်ကိုလဲဟင်"

"ဒေါက်တာ့အိမ်ကိုဒေါက်တာပြန်လေ ကျတော် ဒေါက်တာ့ကိုမမြင်ချင်ဘူး"

"ဘာတွေပြောနေတာလဲ winny ဒေါက်တာကမင်းကိုကယ်ခဲ့တာနော်"

"ကျတော် ဒေါက်တာ့ကိုမမြင်ချင်ဘူးလို့ ထွက်သွားပေးပါ"

"မင်းဘာဖြစ်နေတာလဲ ခေါင်းထိသွားတာလား"

Fourth က ငါ့ကိုထိုသို့ပြောသည်လေ။

"ရတယ် fourth phi သွားတော့မယ်"

"ကျတော်လိုက်ခဲ့မယ် ဒေါက်တာ အဲ့လိုကောင်ကိုသေအောင်ပစ်ထားခဲ့ရမှာ"

Fourth ကငါ့ကိုစိတ်တိုပြီး ဒေါက်တာနဲ့အတူထွက်သွားသည်။

ဘာတွေဖြစ်နေလဲ ငါမသိတော့..ဒေါက်တာက ငါ့ကိုကယ်ခဲ့တာတဲ့??

ငါ မှတ်မိတာဆိုလို့ ခန်းမထဲက ဒေါက်တာ့ရဲ့အပြုံးမျက်နှာကိုဘဲမှတ်မိသည်။

Step by step[Complete]Where stories live. Discover now