3

671 57 4
                                    

အရာရာမှာ တော်နေဖို့မလိုအပ်ဘူး။လေ့ကျင့်မှုနဲ့ကြိုးစားမှုက မင်းဆီကိုအခွင့်အလမ်းတွေသယ်ဆောင်လာပေးလိမ့်မယ်။
____________________
အရင်ကလို သချာ်ဆိုရင် ဝေးဝေးရှောင် ဝေါင်ဝေါင်ရွှေး တဲ့ fourth nattawat မဟုတ်တော့ဘူး။

အဆင့် - အနီးကပ်သင်ကြားခွင့်ရဖို့

သချာ်ဆိုတာ အသေးအမွှားပါ။ သချာ်ကိုချစ်တယ်။
သချာ်ဆိုတာ အသေးအမွှားပါ။ သချာ်ကိုချစ်တယ်။
သချာ်ဆိုတာ အသေးအမွှားပါ။ သချာ်ကိုချစ်တယ်။

တနေ့ကို မနက်အိပ်ရာနိုးရင်သုံးခေါက် ညအိပ်ရာမဝင်ခင် သုံးခေါက် ရွတ်သော ဂါထာပင်ဖြစ်သည်။

လပတ်စာမေးပွဲမှာလဲ အတော်အသင့်လောက်ဖြေနိုင်ထားတာမလို့ အမှတ်ကြေငြာမဲ့အခါ ငါ အတန်းထဲမှာ ပြုံးပြုံးကြီးနဲ့ကော့ကော့ကြီး ထိုင်နားထောင်နေလိုက်သည်။

"Fourth Nattawat သချာ် ၂၄မှတ်"

အောင်း ဘာလားဟ!!? ကျန်တာတွေတောင် ၄၀ကျော်တာကို သချာ်က ၅၀ ဖိုးကို ၂၄မှတ် ဘဲလား။မဖြစ်နိုင်တာ! ဆရာ အမြင်မှားတာဘဲဖြစ်ရမယ်။

ဆရာက အဖြေကြေငြာပြီးထွက်သွားသည်နှင့် ငါ winny ဆီအပြေးလွှားသွားလိုက်သည်။

အားကစားကွင်းဘေးနားမှာ မှိုင်ပြီးထိုင်နေတော့ ငါ့ရဲ့အချစ်ရဆုံး သူငယ်ချင်းကအပြေးလာသည်။

"အငြင်းခံလိုက်ရလို့လား"

"ဘောကိုအငြင်းခံရမှာလားကွ"

"အဲ့ဒါဆိုဘာလို့လဲ"

"ငါ သချာ် ၂၄ မှတ်ဘဲရတယ်"

"အော်..မထူးဆန်းပါဘူး"

"ဘာကိုမထူးဆန်းရမှာတုန်း ငါ ဒီလောက်ကြိုးစားခဲ့တာကို"

ငါ့ရဲ့ငြီးတွားသံကြောင့် winny က ငါ့ပုခုံးကို လာပုတ်ပြီး...

"ဒါ လောကဓံရဲ့ပုံမှန်ပြကွက်တွေပါ"

"မင်းအငြင်းခံရမှ အဲ့စကားပြန်ပြောမယ်"

Step by step[Complete]Where stories live. Discover now