10

730 55 8
                                    

မနက်စာဝင်သင်တော့ သူသတိထားမိပါသည် fourth ဟာသူ့ကိုကြည့်နေသည်။သူပြန်ကြည့်တော့လဲ အကြည့်ချင်းလွှဲသွားခြင်းမရှိ အတွေးလွန်နေပုံဘဲ။

ငါ ဆူလိုက်ချင်ပေမဲ့ သက်ပြင်းတချက်ချကာ စာသင်တာကိုဘဲအာရုံစိုက်လိုက်သည်။

သူမနေ့ကအိမ်မှာပြောလိုက်သည်ကိုတွေးနေပုံထောက်တယ်။ကျောင်းဆင်းမှပြန်ချော့လိုက်တော့မယ် ဟုတွေးလိုက်သည်။

စာတွေပတ်သင်ရင်း ကိုယ်တိုင်တောင်မသိဘဲ ကျောင်းဟာဆင်းသွားသည်။ရုံးခန်းထဲပြန်ကာ ကားသော့ယူပြီး fourth ဆီသွားမယ်လို့ဆုံးဖြတ်လိုက်သည်။

ငါ ရုံးခန်းထဲရောက်တော့ အမျိုးသမီးတယောက်ကိုတွေ့သည်။

"ဆရာ ရောက်ပြီလားရှင့်"

"Zo မင်းပြန်လာတာလား"

ဒီအမျိုးသမီးက Zo..ငါ့ရဲ့ငယ်သူငယ်ချင်းလို့ဘဲပြောရမလား။ငါရယ် satang ရယ် Zo ရယ်က အလယ်တန်းထဲကခင်လာခဲ့တဲ့ သူငယ်ချင်းတွေ။ငါ့အတွက်က သူငယ်ချင်းဆိုပေမဲ့ Zo အတွက်တော့ ငါဟာ သူငယ်ချင်းထပ်ပိုခဲ့တယ်။

အထက်တန်းနှစ်စထဲက Zo ဟာ ငါ့ကိုပိုကပ်လာသည်။အိမ်ကိုလဲခနခနလာတယ် သူ့အိမ်ကိုလဲအမြဲခေါ်တယ် အထူးသဖြင့်သူ့အိမ်မှာလူမရှိတဲ့အချိန်တွေပေါ့။ချမ်းသာလွန်းတဲ့အတွက် ငါလိုချင်တာဘာမဆိုတော့ ဖြည့်ဆည်းပေးနိုင်တယ် ဒါပေမဲ့ ငါ့အတွက်အဲ့အရာတွေမလိုအပ်ပါ။

သူ ငါ့ကိုဖွင့်ပြောတော့ ငါ ငြင်းဆိုလိုက်တာကြောင့် ရှက်ကာ နိုင်ငံခြားကိုအပြီးပြောင်းသွားခြင်းဖြစ်သည်။

"အင်း တို့ ပြန်လာတာ"

"ဘယ်လိုပြန်ရောက်လာတာလဲ ဘာလို့လဲ"

"ဒီလိုဘဲ ကိစ္စလေးတွေရှိတယ်လေ"

"ဘာကိစ္စမို့လို့လဲ"

ငါ့အမေးကိုပြန်မဖြေဘဲ ဖုန်းအားတချက်ကြည့်ကာ ငါ့အား စာရေးစားပွဲနားတွန်းလိုက်သည်။အဲ့နောက် ငါကြောင်နေတုန်း ငါ့ပုခုံးပေါ်လက်တင်ကာ ငါ့အနားကပ်လာသည်။

Step by step[Complete]Where stories live. Discover now