Chapter 33

339 53 0
                                    

👥️Chapter 33

စာကြည့်ခန်းထဲတွင် ...

ယန်အန်းယုသည် ဖုန်းသုံးရခြင်းအစား စာအုပ်ဖတ်ရခြင်းကို ပိုပြီး အားသန်လှကြောင်း သိထားသည့်အတွက် ယီချန်းယန်က သူ့ကို သရုပ်ဆောင်ခြင်း အနုပညာနှင့် သက်ဆိုင်သည့် စာအုပ်များ အထူးသဖြင့် ယန်အန်းယုအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ယူဆရသည့် စာအုပ်များကို ရှာဖွေပေးနေခဲ့သည်။

ယန်အန်းယုက ထိုစာအုပ်များကို လက်ခံရယူကာ စိတ်ခံစားချက် အပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူ့အကြည့်တို့က ထောင့်နားရှိ စားပွဲအသေးလေးပေါ်သို့ မတော်တဆ ရောက်ရှိသွားလေသည်။ ထိုစားပွဲပေါ်တွင် ခရစ္စတယ်ဖြင့် ပြုလုပ်ထားသည့် စစ်တုရင်ခုံကို ခင်းကျင်းထား၏။

ယန်အန်းယုက ချက်ခြင်း စိတ်ဝင်စားသွားကာ ၎င်းကို ညွှန်ပြလျက် မေးလိုက်သည်။

“အဲဒါက ...”

ယီချန်းယန်က သူ ညွှန်ပြရာသို့ လှမ်းကြည့်ပြီးနောက် အနည်းငယ် အံ့ဩမိသွား၏။ ဤသည်မှာ ပြီးခဲ့သည့် နှစ်နှစ်ခန့်က ယန်ဥက္ကဌဟောင်း ယန်ဖန်းက သူ့ကို မွေးနေ့လက်ဆောင်အဖြစ် ပေးထားခဲ့ခြင်း ဖြစ်ပြီး ထိုလူအိုကြီးသည် နာမကျန်းမှုကြောင့် ကွယ်လွန်သွားရှာပြီ ဖြစ်သည်။

“မင်းအဖေဆီက ရခဲ့တာလေ အရင်တုန်းကတော့ သူနဲ့ မကြာခဏ ကစားဖူးတယ် ...”

ရုန်းကြွလာသည့် ခံစားချက်များကို ဖုံးကွယ်ကာ ယီချန်းယန် သာမန်ကာလျှံကာသာ ပြန်ဖြေလိုက်သည်။

ယန်အန်းယုက “အိုး” ဟု  မြည်တမ်းလိုက်၏။ သူ့စိတ်ထဲတွင်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိခဲ့သည်။ ယန်ဖန်းသည် ထိုနှစ်များက အမှောင်မိုက်ဆုံး ကာလထဲသို့ ရောက်ရှိနေသည့် ယီချန်းယန်ကို ကူညီကယ်ထုတ်ပေးခဲ့ပြီး အောင်မြင်ကျော်ကြားလာအောင်ပါ ကူညီပေးခဲ့သည်။ ယီချန်းယန်၏ ပုံစံမှာ ထိုစစ်တုရင်ခုံကို အင်မတန် တန်ဖိုးထားသည့်ဟန်ပင်။

သူက ၎င်းကို သူ မကြာခဏ ဝင်ရောက်လေ့ရှိသည့် စာကြည့်ခန်းထဲတွင် နေရာချထားကာ ပွဲစဉ်ကို လက်စမသတ်ဘဲ ထားထားခဲ့သည်။ အချိန်များစွာ ကြာမြင့်သည်အထိ နောက်ထပ် အဆင့်တစ်ခုသို့ ရှေ့ဆက် ကစားခြင်း မပြုခဲ့ရာ .. ၎င်းမှာ သူ့အတွက် အဓိပ္ပါယ်တစ်ခုခု ရှိနေသည့် သဘောဟု ယူဆ၍ ရပေသည်။

ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now