👥️Chapter 31
ယန်အန်းယုက အင်တာနက်ပေါ်ရှိ မရေမတွက်နိုင်အောင် များပြားလှသော သတင်းမှားများကို ဖတ်နေရင်း စိတ်အာရုံ နောက်ကျိရှုပ်ထွေးလာမိသည်။
အမှန်တရားက ဘာလဲ ..
သူက ထိုထက်ပိုကာ သိလိုခြင်း မရှိတော့။ လတ်တလောတွင် ချင်နွော်ရှီအတွက်သာ စိုးရိမ်မိနေပေသည်။
သူက ချင်နွော်ရှီကို ဆယ်ကြိမ်ထက်မနည်း ဖုန်းခေါ်လိုက်သော်လည်း တစ်ဖက်လူက ပြန်မဖြေ။ နောက်ဆုံးတွင် ဖုန်းကိုပင် စက်ပိတ်သွားလိုက်သေးသည်။
ထိုအချိန်တွင် ယန်ကျွယ့်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။
"ရှောင်ယု မင်း ချင်နွော်ရှီရဲ့အိမ်က ဘယ်နားမှာလဲ သိလား ..."
အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် ယန်ကျွယ့်၏ လေသံသည် သိသိသာသာပင် ခွန်အား ကင်းမဲ့နေခဲ့သည်။
"သူ့အိမ်လား ..."
ယန်အန်းယုက ကြောင်အသွား၏။
"ချင်နွော်ရှီက S မြို့ကနေ ထွက်သွားပြီ မင်းကို သူ ပြောခဲ့ဖူးလားတော့ မသိဘူး သူက S မြို့ကို အလုပ်လုပ်ဖို့ ရောက်လာတာ သူ့မွေးရပ်မြေက N မြို့မှာလေ အခု မင်းက အဲဒီ့မှာ ရိုက်ကူးရေး လုပ်နေတာ မဟုတ်လား ..."
"အင်း သူ အရင်ကတော့ ပြောဖူးတယ် ဒါပေမယ့် ကျွန်တော်လည်း အများကြီး မေးမကြည့်ဖူးဘူး ..."
ယန်အန်းယုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"အဲဒါကြောင့် သူ့လိပ်စာ အတိအကျကို မသိဘူး ကော တောင်းပန်ပါတယ် ..."
"ကိစ္စမရှိပါဘူး မေးကြည့်ရုံပဲ ရိုက်ကူးရေးသာ ဆက်လုပ် ငါ သူ့ကိစ္စကို သေချာပေါက် ဖြေရှင်းပေးမှာ ...."
ထို့နောက် ယန်ကျွယ့်က ဖုန်းချသွားခဲ့သည်။
ရှန်းဟွမ်မီဒီယာတစ်ခုလုံးကို ဦးစီးဦးဆောင်ပြုနေရသူတစ်ဦး ဖြစ်သည့်အလျောက် ယန်ကျွယ့်၏ တာဝန်ဝတ္တရားများမှာ လွန်စွာ များပြားလေးလံလှရာ သူသည် အမြဲလိုလို သန်မာသည့် ပုံရိပ်ကိုသာ ပြသရန် ကြိုးစားခဲ့ရသည်။ သို့သော် သူ အမှန်တကယ် ဂရုစိုက်၊ တန်ဖိုးထားသူနှင့် ပတ်သက်လာသည့်အခါတွင်မူ စိတ်ထဲတွင် ကူကယ်ရာမဲ့မှုတို့ ထွက်ပေါ်လာတော့သည်။
YOU ARE READING
ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)
FantasyTitle ကို Description မှာထည့်ထားပါတယ် Unicode Only All credits goes to Original Author and E-Translators I hope u enjoy .