Chapter 37

567 94 4
                                    

👥️Chapter 37

ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် လူငယ်လေးက သူ့ကို ဝေ့ရှင်းကျင်းယွမ်၏ ဝင်ပေါက်အထိ လိုက်ပို့ခဲ့လေ၏။

"ဒါနဲ့ အခုထိ ဒီဘက်က လူကြီးမင်းရဲ့ နာမည်ကို မသိရသေးဘူးနော် ..."

ယန်အန်းယုက စကားစလိုက်သည်။ ထိုလူငယ်လေး၏ မျက်နှာနှင့် စိတ်နေသဘောထားမှာ အနုပညာရှင်တစ်ဦးအဖြစ် ပွဲဦးထွက်ရန် အင်မတန် သင့်လျော်သည်ဟု ခံစားမိနေဟ။

လူငယ်လေး၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သွားတော့သည်။

"ကျွန်တော့်မျိုးရိုးက "ကု" ပါ ..."

"မစ္စတာကု .. ဒီနေ့ တွေ့ရတာ ဝမ်းသာပါတယ် ..."

"ကျွန်တော်လည်း ထပ်တူပါ ..."

****

သုံးရက်အကြာ .. ရှန်းဟွမ်မီဒီယာရုံးချုပ်ရှိ ယန်ကျွယ့်၏ ရုံးခန်းထဲ၌ ...

"ကော .. ကျွန်တော်က ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ရမှာလို့ ပြောလိုက်တာလား ..."

ယန်အန်းယု၏ မျက်လုံးတို့ ပြူးကျယ်သွားသည်။

ဘေးနားရှိ ချီစန်းက သူ့ကို စိုက်ကြည့်ကာ သတိပေးလိုက်၏။

"ရှောင်ယု စိတ်ကို အေးအေးထား မင်းရဲ့ ပုံရိပ်ကို ဂရုစိုက်ဦး ..."

ယန်ကျွယ့်က ခေါင်းငြိမ့်ပြလိုက်သည်။

“အင်း .. ဒါရိုက်တာရော မူရင်းစာရေးဆရာရော ဇာတ်ညွှန်းရေးတဲ့သူရော အကုန်လုံးက မင်းကိုပဲ ‌ရွေးချယ်ခဲ့ကြတာ လန်ရှစ်ကုမ္ပဏီကလည်း အဲဒီ့မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အစီအစဉ်ရှိနေတယ်တဲ့ .. တစ်ခုပဲ .. ဥက္ကဌလန်က “သောင်ရှင်း” ရဲ့ အဓိက ဇာတ်လိုက်က မင်းပဲ ဖြစ်ရမယ်လို့ အဆိုပြုလာတယ် ...”

ယန်ကျွယ့်က ပြောလိုက်သည်။

“လန်ရှစ် ကော်ပိုရေးရှင်းလား ...”

ယန်အန်းယုက အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မေးလိုက်သည်။

သူသည် ကောလီရှုထံမှတစ်ဆင့် .. ကုရှင်း၏ နောက်တွင် လန်ရှစ်ကုမ္ပဏီ ရှိနေကြောင်း ကြားထားခဲ့ဖူးသည်။

ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now