Chapter 26

516 71 0
                                    

👥️Chapter 26

"ချန်းယန်ရေ မင်းရဲ့ သရုပ်ဆောင်ချက်တွေကတော့ တကယ်ကို အမိုက်စားပဲ ..."

စကားတစ်ခွန်းမှ မပြောရသေးသည့် အဓိကဇာတ်လိုက် ယွမ်ကျစ်မင်၏ ‌ဇာတ်ကောင်ကို သရုပ်ဆောင်ရခြင်းမှာ အနည်းငယ် အခက်တွေ့ဖွယ်ရာပင်။ သို့သော် ယီချန်းယန်ကမူ လှုပ်ရှားမှုတစ်ခု၊ အကြည့်တစ်ချက်တည်းဖြင့်ပင်လျှင် ထိုဇာတ်ကောင်၏ အတွင်းစိတ်ထဲရှိ ဒွိဟလွန်ဆွဲမှုအားလုံးကို မျက်ဝါးထင်ထင်ဖြစ်လာအောင် ပြတ်ပြတ်သားသား ဖော်ပြသွားနိုင်ခဲ့သည်။

ဘေးနားတွင် ရပ်ကြည့်နေကြသူများမှာလည်း ယီချန်းယန်၏ သရုပ်ဆောင် ကောင်းမွန်မှုကြောင့် ဇာတ်လမ်းထဲသို့ စီးမြောပါဝင်သွားခြင်းမှ ပြန်လည်ကာ ရုန်းထွက်မလာနိုင်ကြသေးချေ။

ကုရှင်း၏ ဘေးနားတွင် ရပ်နေသည့် ယဲ့လင်းက သူမ၏ အကြည့်များ ပို၍ပင် တောက်ပလာသည်ကို သတိပြုမိလိုက်သည်။ သူမ၏ အာရုံတည်ရှိမှုမှာ သူတို့နှင့် လားလားမျှပင် တူညီမနေချေ။

ယီချန်းယန်၏ သရုပ်ဆောင်စွမ်းရည်ကို နဖူးတွေ့ဒူးတွေ့  ကြုံတွေ့လိုက်ရသည့် ယန်အန်းယုမှာ ထိုစွမ်းရည်၏ သက်ရောက်မှုကို အခြားသူများထက် ပိုမိုကာ ခံစားခဲ့ရသည်။ သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ တစ်ဖက်လူ၏ ဦးဆောင်မှုဖြင့် ဇာတ်ကောင်စရိုက်ထဲသို့ အလိုလို ဝင်ရောက်သွားခဲ့သည်။ ယီချန်းယန်၏ စွမ်းဆောင်ရည်မှာ အံ့ဩချီးကျူးဖွယ်ပင်။

ယီချန်းယန်သည် အဓိကဇာတ်လိုက် ဖြစ်သည့်အလျောက် သူ ရိုက်ကူးရမည့် အခန်းများမှာ အလွန် များပြားသည့်အပြင် အားလုံးနီးပါးမှာ အရေးပါသည့် ဇာတ်ကွက်များသာ ဖြစ်ပေသည်။ သို့သော် သူသည် အချို့သော တိုက်ခိုက်ရေးဇာတ်ကွက်အချို့မှအပ မည်သည့်အခန်းကိုမှ နှစ်ကြိမ်ပြန်ကာ ရိုက်ကူးရခြင်း မရှိသလို NG ဖြစ်သည့် အခန်းဟူ၍လည်း များများစားစား မရှိချေ။ ရုပ်ရှင်ဧကရာဇ်ဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

ယီချန်းယန်နှင့်အတူ မရိုက်ကူးရသေးခင်တွင် ယန်အန်းယုသည် အလွန် စိတ်ဖိစီးနေခဲ့ရသည်။ သူတို့နှစ်ဦးအကြားရှိ သရုပ်ဆောင်စွမ်းရည် ကွာဟချက်မှာ အင်မတန် ကြီးမားလှရာ သူ၏ အမှားတစ်ခုကြောင့် အတူတူ ရိုက်ကူးရမည့် ရုပ်ရှင်ဧကရာဇ်ကိုပါ ဆွဲချမိသွားမည်ကို တွေးကာ ကြောက်ရွံ့နေခဲ့၏။

ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now