Chapter 34

319 54 0
                                    

👥️Chapter 34

နှစ်သစ်ကူးပြီးနောက် ယီချန်းယန်သည် နိုင်ငံခြားသို့ ခရီးထွက်သွားရကာ ယန်အန်းယုကလည်း “နှလုံးသား၌ ထုဆစ်လေသော” အတွက် ပရိုမိုးရှင်း အစီအစဉ်များ၌ ပါဝင်လိုက်ရတော့သည်။ ယဲ့လင်း၊ သို့ပင်း၊ ခန်းကျင်းနှင့် အခြား အဓိကသရုပ်ဆောင်များနှင့်အတူ သူသည် အဓိကမြို့ကြီးအချို့ကို လှည့်ပတ်သွားလာခဲ့ရ၏။

ချီစန်းက သူ့အတွက် ကြော်ငြာအချို့နှင့် ထောက်ခံချက်အစီအစဉ်အချို့ လက်ခံပေးထားခဲ့ကာ ၎င်းတို့အားလုံးမှာ သူ၏ တောက်ပလင်းလက်သော အကျင့်စရိုက်နှင့် ကိုက်ညီလှပေသည်။ သို့သော် များစွာ အရေးမကြီးသည့် လှုပ်ရှားမှုများအတွက်မူ ယန်အန်းယုသည် အားလပ်ရက်များသို့ အချိန် ပြောင်းရွှေ့ခြင်းဖြင့် ရုပ်ရှင်ရိုက်နေစဉ်အတွင်းက လွတ်သွားခဲ့သည့် သင်ခန်းစာများကို ပြန်လည်လေ့လာရင်း အလုပ်နှင့် ပညာရေးကို ဟန်ချက်ညီအောင် ထိန်းထားနိုင်ခဲ့သည်။

တစ်နေ့တွင် သူသည် ချင်နွော်ရှီထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်သည်။

“ရှောင်ယု မင်း ငါ့ကို တစ်ခုလောက် ကူညီပေးလို့ ရမလား ...”

“ရတာပေါ့ ...”

သူက ချက်ခြင်း သဘောတူလိုက်သည်။

“သဘောတူတာ မြန်လိုက်တာ ဘာလဲလို့တောင် မမေးတော့ဘူးလား ...”

ချင်နွော်ရှီက အနည်းငယ် အူမြူးသွား၏။

“ဘာလို့ဆို အကူအညီတောင်းတဲ့သူက မင်း ဖြစ်နေလို့လေ သေချာပေါက်ကို သူငယ်ချင်းကောင်းအတွက်ဆို ငါ့ဘဝကြီးကိုတောင် အရဲစွန့်ပေးရမှာပေါ့ ...”

“မင်းကတော့လေ .. တစ်ခါတစ်လေကျတော့ တအားကို အကောင်းမြင်တတ်လွန်းနေသလိုပဲ ...”

ချင်နွော်ရှီက ရယ်မောကာ ပြောလိုက်သည်။

“ဒါပေမယ့် မင်းကိုယ်မင်း စတေးရလောက်တဲ့အထိ ဆိုးတဲ့ကိစ္စမျိုးတွေတော့ အကူအညီမတောင်းပါဘူး ငါ့ MV ထဲမှာ သရုပ်ဆောင်ပေးမယ်ဆိုရင်ကို ရပါပြီ ...”

ယန်အန်းယု “ဟမ် ...”

ချင်နွော်ရှီထံတွင် အငြင်းပွားဖွယ် ကိစ္စများ အများအပြား ရှိနေသည့်အတွက် anti-fan ရှိသည့် ကိစ္စကို လွှဲရှောင်၍ ရနိုင်မည် မဟုတ်ချေ။ သူနှင့် ယန်ကျွယ့် နှစ်ဦးလုံးက ထိုအချက်ကို ကောင်းစွာ သတိပြုမိကြကာ လူထု၏ အမြင်ကို အကောင်းဘက်သို့ ရောက်အောင် ပြောင်းလဲရန်အတွက် သူတို့၏ ခွန်အားနှင့် လုပ်ဆောင်ချက်မှတစ်ဆင့် သက်သေပြရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ရုပ်ရှင်ဧက္ကရာဇ်၏ ခေတ်ဟောင်းမှချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now