"အောင်းဝ် ဒါလေးက ယူ့သားလေးပေါ့ အိုသိပ်ချစ်စရာကောင်းတာပဲ နာမည်လေးပြောပြပါဦး တီတီကို"
သူမမျက်စိရှေ့တွင်ရှိနေသော ကလေးအား သူမ မချစ်ဘဲတကယ်မနေနိုင်ပါ။ ဒီအသက်အရွယ် မှာကျန်တဲ့ကလေးသာဆို မိခင်နှင့် သူ့မိခင်ရဲ့သူငယ်ချင်း အချင်းချင်းစကားပြောနေတာကို ခုလိုစိတ်ရှည်"သည်းခံစောင့်ပေးမှာမဟုတ်ပေ။ သူများအိမ်ကို လာရောက်အလည်ပတ်ရတယ်ဆိုတဲ့ ကြောက်စိတ်၊စိမ်းနေတဲ့စိတ်မျိုး မျက်နှာမှာပေါ်မနေဘဲ ပကတိအေးချမ်းတည်ငြိမ်တဲ့မျက်နှာလေးနဲ့ သူ့ကို ပြုံးပြနေသောကလေးလေးကြောင့် သူမပို၍ပင်အချစ်ပိုရပါတယ်...
"ကျတော့်နာမည်က ပွန်နာရာဝစ်ပါခဗျ။ မေမေကတော့ ကျတော့်ကို pangpond လို့ခေါ်ပါတယ် အန်တီ။ အန်တီကျတော့်ကို ကြိုက်သလိုခေါ်နိုင်ပါတယ်ဗျ"
"အိုးအေ့ တကယ်ချစ်စရာလေးပါကွယ်"
ဒီကလေးလေးကိုချစ်လွန်းလို့ သူမရဲ့လက်လေးနဲ့ pondဆိုတဲ့ ကလေးရဲ့ ခေါင်းပေါ်တင်ကာ မြတ်နိုးစွာ ခေါင်းလေးပုပ်ပေးမိတယ်။
"တီတီမှာလည်း သားအရွယ် အင်း သားထက်နည်းနည်းငယ်မယ် ဖူဝင်းဆိုတဲ့သားလေးတစ်ယောက်ရှိတယ်။ သားသားက ခုအပေါ်ထပ်မှာထင်ပါရဲ့"
သူ့ကို သားအရင်းတစ်ယောက်သဖွယ် ဆက်ဆံလာတဲ့မေမေ့သူငယ်ချင်းကြောင့် ပွန်အသာအယာခေါင်းညိမ့်လိုက်တယ်။ ပွန်သိတာပေါ့ အန်တီရဲ့သားဖြစ်ပုံရတဲ့ ပိုးဟပ်ဖြူလေးကို။သူနဲ့မယ့်စရောက်ပြီဆိုကတည်းက တံခါးအကွယ်ကနေ ပုံးကာကွယ်ကာစပ်စုနေတဲ့ ခေါင်းလုံးလုံးလေး။ ဘယ်သူဘယ်ဝါလာလည်းသိချင်လို့ စပ်စုစွာ တချက်တချက်ပေါ်လာတဲ့ မျက်လုံးပြူးပြူးမျက်လုံးတောက်တောက်လေးတွေ။ ပွန်သဘောအကျဆုံးကတော့ သူနဲ့မတူဘဲ အဲ့ကောင်လေးရဲ့ ပါးလေးနှစ်ဖက်စလုံးမှာ မယ့်သူ့ကို ကျွေးကျွေးနေတဲ့ မိုချီလုံးလေးတွေလိုမျိုး ဖောင်းကစ်ပြီးနီရဲရဲ ပါးနှစ်ဖက်ကိုပိုင်ဆိုင်ထားတဲ့ ကောင်လေး...
"သားသားရေ မားဆီလာဦး"
အန်တီအော်သံကြားတာနဲ့ တံခါးအကွယ်ကနေ ထွက်လာကာ ပြေးလာတဲ့ မုန်လာဥဖြူလေး။ ပြေးလာတဲ့ ခြေတံတိုတိုလေး။လုံးတုံး"နဲ့ပြေးလာတဲ့ပုံက ဆကယ်အူးယားဖို့ကောင်းလွန်းလှတယ်။ အဲ့ကောင်လေးက မေမေသူ့အတွက်မွေးနေ့လက်ဆောင်အဖြစ်ပေးထားတဲ့ ပန်ဒါဝက်ဝံလေးနဲ့သိပ်တူတယ်လို့ ပွန်တွေးမိပါတယ်....
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....