"ကိုကို ကျတော်တို့သွားရအောင် နော် နော်"
ဖူဝင်းက မနက်ကတည်းကနေ အခုနေလည်ထိတိုင်အောင် သူ့ကိုတဂျီဂျီပူဆာနေတော့တယ်။ သွားမယ့်နေရာကလည်း barတဲ့။
"မဖြစ်ပါဘူး ဖူဝင်းရယ်"
"ဘာကိုမဖြစ်တာလဲကိုကိုကလဲ ကျတော်တစ်ယောက်တည်းသွားတာလဲ မဟုတ်ဘူးလေ ကိုကိုနဲ့တူတူသွားမှာကိုး"
ပွန့်ရဲ့စိတ်ထဲတွင်တော့ ဂျွန်အာချန်နဲ့ဒန့်နက်ထချိုင်း တော်တော်မွှေတဲ့ကောင်တွေဟုသာ မေတ္တာပို့မိနေတော့တယ်။သူမှာ စာမေးပွဲဖြေပြီးလို့နားရမလားအောက်မေ့တယ် ဘယ်အချိန်ကတည်းက ဖူဝင်းကို သွားစည်းရုံးထားလဲမသိ ခုကျ သွားမယ်တကဲကဲဖြစ်နေပြီ။
"မယ်တို့ကခုချိန်ပတ္တရားမှာရောက်နေတာလေ မိဘတွေလည်းမရှိဘူး ကိုကိုနဲ့ဖူဝင်းနှစ်ယောက်ပဲရှိတယ်။ ကိုကိုတို့ကသူတို့ကွယ်ရာမှာ ခုလိုလုပ်လို့မဖြစ်ဘူးလေ"
"ထင်သားပဲ ကိုကိုခုလိုပြောမယ်ဆိုတာ မားကိုဖုန်းဆက်ပြီးပြီး ကိုကိုနဲ့ဆိုသွားပါတဲ့ ကဲပါကိုကိုရာ ဆင်ခြေတွေပြောမနေနဲ့ညကျသွားရအောင်နော်"
ဘယ်ကတည်းကဖုန်းဆက်ပြောလိုက်လဲမသိ။မယ့်တို့ကလည်း သူတို့သားအကြောင်းမသိတာလဲမဟုတ်။ ခုဟာက သူတမင် မသွားစေချင်တာက barကလူစုံတယ်။ကျောင်းသားတင်မက အကုန်လာကြမှာ။ဖူဝင်းဆိုတာက ငယ်ငယ်လေးကတည်းကကျားကောမကော အကုန်ရဲ့ attention ကိုရအောင်လုပ်နိုင်တဲ့ထိချစ်ဖို့ကောင်းနေတာ ခုကြီးလာတော့ပို"ချောလာချစ်ဖို့ကောင်းလာတော့ ပိုဆိုးပေါ့။ဖူဝင်းရယ်...မင်းနားမလည်ပါဘူးကွာ..
"ကိုကို့"
သူ့ကိုစိတ်မရှည်တဲ့အသံနဲ့အော်လိုက်တာမို့ သူသိလိုက်ပြီ စိတ်ဆိုးသွားပြီဆိုတာကိုပေါ့။သူ့အနားကနေ ခြေကိုစောင့်ကာ ဆိုဖာပေါ်ငြိမ်"လေးသွားထိုင်နေတဲ့ဖူဝင်းကြောင့် သူ့မှာသွားချော့ရပါတော့တယ်။
"အောင်းဝ်ဘောင်းဘီလေးကလေ တိုနေတယ်နော် နောက်ထပ်"
"တော် တိတ် အခုမှသနားလို့စိတ်ကောက်ပြေပေးထားတာနော် ဘယ်နှစ်စုံရှိပြီလဲ လူကိုလဲခိုင်းနေတာ"
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....