"ကိုကို ကျတော့်ကိုလိုက်မပို့နဲ့တော့နော် နည်းနည်းပဲကျတော်လမ်းလျှောက်ရတော့မှာရယ် ကိုကိုဆေးသောက်ပြီးနားလိုက်နော် ကျတော်ညနေဘက်ကျလာကြည့်လှည့်မယ်"
ကျောင်းကပြန်လာပြီးကတည်းက မျက်နှာမကောင်းတဲ့ကိုကို မျက်နှာညှိုးလာတဲ့အထိခေါင်းမူးနေတဲ့ကိုကိုဟာ သူ့အိမ်ထိသူ့ကိုလိုက်ပို့ဖို့ ပြင်နေတဲ့ခြေလှမ်းတွေကြောင့် သူ့မှာတားလိုက်ရတယ်။
နဂိုကတည်းကမှ ချွေးထွက်အားကောင်းတဲ့အပြင် Hall ခန်းထဲလူကများမှများ ပြီးပွဲကိုလူအစုံလာတာကောကြောင့်ထင်ပါရဲ့။ ဒီကြားထဲ သူကလည်း ကိုကို့ပုခုံးပေါ်မှီအိပ်လိုက်သေးတယ်မလား။ တွေးနေရင်း ပေါ်လာတဲ့ ဖိမစ်ရဲ့စကားသံလေးတွေနဲ့ အပြုံးလေးကြောင့် ဖူဝင်းမရည်ရွယ်ဘဲ ပြုံးလိုက်မိတယ်။ဟူး... ကျတော်တော့ဆေးမမှီတော့ဘူး ထင်တယ်။
_______________
ရေချိုးပြီးခါစ စိုနေတဲ့ခေါင်းကိုသုတ်ရင်း သူမှန်ကိုကြည့်လိုက်တယ်။ မျက်နှာထဲမှာပေါ်နေတဲ့ သူရုပ် ရေချိုးပြီးခါစ ကြည်လင်ပြီးသန်ရှင်းနေတဲ့ မျက်နှာလေး။ ဒီရုပ်လေးကို ဖိမစ်က မှတ်မိနေလောက်မယ်ထင်ပါရဲ့။ပွဲမှာလာတဲ့သူတွေအများကြီးထဲက သူတစ်ယောက်ကိုတော့လေ။
"ဖူဝင်းကြိုးစားနော် အကိုကဖူဝင်းကို ဆေးကျောင်းကနေစောင့်နေပါ့မယ်"
ခေါင်းသုတ်နေရင်း ရုတ်တရက် ဝင်လာတဲ့ ဖိမစ်အသံလေး။ သူခြေလှမ်းတွေ ကုတင်ဆီသို့ဦးတည်လိုက်ပြီး ကိုကိုပေးထားတဲ့ ပန်ဒါဝက်ဝံရုပ်ကလေးကိုဖက်ကာ သူ့အတွေးတွေနယ်ချဲ့မိတယ်။
"ဟုတ်တယ် ဖိမစ်ယူထားတဲ့ ဆေးmajorကိုဝင်ခွင့်ရဖို့ဆို ငါ့ရဲ့ဒီလိုပုံစံနဲ့တော့ မဖြစ်နိုင်ဘူး။ ငါဘာတွေလိုမလဲ ငါအခုအတန်းထဲရတဲ့အမှတ်
ဟင်း... 1to10တောင်သူမဝင်ဘူး ငါgpaကောင်းဖို့လိုတယ်။ ခုလိုအောင်တာတောင် ကိုကို့ကြောင့် ကိုကိုက သူ့ကိုချော့ကာမြူကာ စာလုပ်ကူလို့ သူ့အလိုလိုဆို ကပ်အောင်ရုံပဲ။ ဘာပဲဖြစ်ဖြစ် ငါသာ ကြိုးစားမယ်ဆို တကယ်ဖြစ်နိုင်တာပဲလေ။ ပြီးကိုကိုလည်းငါ့နားရှိနေမှာပဲ။ အယ် ကိုကိုဆိုမှ"
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....