"ကျွီ"
ပွန်တံခါးကို အသာအယာဖွင့်၍ ဖူဝင်းအခန်းထဲ ဝင်လာတော့ တွေ့ပါပြီ။ စာတင်ခုံပေါ် အိပ်ပျော်နေတဲ့ဖူဝင်းကို သူတဖြည်းဖြည်း ဖူဝင်းအနားကိုတိုးသွားကာ အနားမှာရှိတဲ့ထိုင်ခုံတစ်ခုံအားယူကာ အိပ်ပျော်နေသော အကောင်ပေါက်လေးကိုကြည့်နေမိတယ်။တဖြည်းဖြည်းပိန်သွားတဲ့ ခန္ဓာကိုယ်လေး၊ အိပ်ရေးပျက်တာများလို့ထင်ပါရဲ့။မျက်တွင်းတွေများချိုင့်လို့။ သိသိသာသာလျော့ကျသွားတဲ့ သူမြတ်နိုးရတဲ့ပါးဖောင်ဖောင်းလေးတွေ။ အဲ့ပါးဖောင်းလေးတွေအစား ထင်းနေသောမေးရိုးတစ်စုံကနေရာယူလျက်။ ပိန်သွားလိုက်တာ အချစ်ရယ်...
သူ့ကိုအဲ့လောက်ထိတောင်ချစ်တာလားကွာ။ဖူဝင်းကပြောင်းလဲသွားတယ်။ ဖိမစ်နဲ့တွေ့ပြီးနောက်ပိုင်း စာကိုတအားလုပ်လာတယ်။ကျောင်းစဖွင့်ပြီဆိုကတည်းကိုက အရင်လိုသူ့အိမ်ကို အမြဲတစေလာပြီး သူစာလုပ်တာကိုနှောင့်ယှက်တတ်တဲ့သူလေး ကိစ္စတစ်ခုခုရှိတိုင်း ကိုကို ဟုသံရှည်စွဲခေါ်ကာ အနားမှာရစ်သီရစ်သီလုပ်တတ်တဲ့အရိပ်အယောင်လေးတွေက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ ကျောင်းမှာလည်းစာကိုလုပ်သလို အားတဲ့ချိန်တောင်အနားမပေးဘဲ စာလုပ်နေတဲ့ဖူဝင်း ခုလည်းသူတို့နောက်ဆုံးစာမေးပွဲဖြေစဉ်အတွင်း ခွန်မယ့်စကားအရ ညလည်း ညဉ့်နက်မှအိပ်သလို မနက်ကျအစောကြီးထကာစာလုပ်တယ်တဲ့လေ။
ခဏနေတော့ အိပ်ချင်မူတူးမျက်နှာလေးနဲ့နိုးလာကာ သူ့ကိုမြင်တော့
"အောင်းဝ် ကိုကိုအလည်လာတာလား ကျတော်မှေးခနဲအိပ်ပျော်သွားတာဟီး"
ပြောနေရင်းတန်းလန်း လုပ်လက်စ စာအုပ်ကို ကောက်ကိုင်နေတာမို့ သူ့မှာအမြန်လှမ်းယူလိုက်ရတယ်။
"ကိုကိုပေးပါကွာ ကိုကိုလည်းသိရက်နဲ့ ကျတော်ဆေးကျောင်းဝင်ခွင့်ရဖို့အတွက် ကျတော့်ရဲ့ final exam markကလည်းကောင်းနေဖို့လိုတယ်"
ကျတော်ကခုလိုပြောတော့ ကိုကိုကသူထိုင်နေတဲ့ခုံကို ကျတော်အနားထိ တိုးလာကာ ကျတော့်လက်ကိုကိုင်ပြီး
"ဖူဝင်း ဒီအရာနဲ့ပက်သက်လို့ တအားမျှော်လင့်ထားမှန်းကိုကိုသိတယ်။ ဖူဝင်းရဲ့ကျန်းမာရေးကိုလည်း ထည့်တွက်သင့်တယ်လေ။ဖူဝင်းခုကြည့် မျက်တွင်းဟောက်ပက်နဲ့ ကိုကိုဝယ်ပေးတဲ့ပန်ဒါအရုပ်နဲ့ မခြားမနားဖြစ်နေပြီလေ၊ခဏလောက်နားပါလားကွာ"
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....