Part10

313 42 6
                                    

"ဖူဝင်း တစ်ယောက်တည်းထိုင်လို့ပါလား ပွန်ကော"
သူတစ်ယောက်တည်းအတွေးများနေတုန်း သူပုခုံးကို လာပုပ်တဲ့ ဒန့်ကြောင့် သူမှာပြန်ပြုံးပြရတယ်။ဒန့်အနောက်က ရထားတွဲလို ကပ်ပါလာတဲ့ ဂျွန်အာချန် က သူအား မနေ့ကကိစ္စကိုမပြောဖို့ ဇီးရွက်လောက်မျက်နှာနဲ့ကြည့်လာတာကို သူပြန်ဘုကြည့်ကြည့်ကာ
"အေး ပွန်ခေါင်းတအားကိုက်ပြီး အိပ်ရာကမထနိုင်လို့လေ"
သူ့စကားကို ဒန့်ကခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ဂျွန့်ဘက်လှည့်ပြီး သူ့အားဖျော်ရည်ဝယ်ပေးဖို့ ပြောလိုက်ရုံရှိသေး။ဂျွန်အာချန်တို့များ ပြေးသွားလိုက်တာ အရိပ်တောင်မမြင်ရဘူး မြန်ချက်။ထိုအခါမှ ဒန့်က
"ကဲပြော အဆင်ပြေရဲ့လား"
သူမျက်နှာရိပ်ကိုကြည့်၍ စိတ်ပူသလိုမေးလာတဲ့ဒန့်ကြောင့် သူပြုံးလိုက်တယ်။ ကိုကိုပြီးရင် ဒန့်ဟာ သူဘာဖြစ်နေလဲ အရိပ်တကြည့်ကြည့် ကြည့်ပေးတတ်ပြီး သူ့ရဲ့ပြသနာအားလုံးကိုတိုင်ပင်လို့ရတဲ့သူငယ်ချင်းကောင်းလေး....
"ဒန့် ကိုကိုက ငါ့ကိုချစ်နေတယ်တဲ့"
"အော် မင်းသိသွားပြီပေါ့"
ဟင်...ဒန့်စကားက ဘာစကားလဲ။ မင်းသိသွားပြီပေါ့ဆိုတာက ဒန့်ကလည်း ကိုကိုသူ့ကိုချစ်နေတယ်ဆိုတာ သိနေတယ်ဆိုတဲ့ သဘောပေါ့။ ဒန့်က သူ့ရုပ်ကိုကြည့်ပြီး ရယ်ကာ
"ဘာလဲ အံ့ဩနေတာလားဖုအန့် ငါတင်မကဘူး ‌ငါတို့တက်ခဲ့တဲ့ ကျောင်းတစ်ကျောင်းလုံးသိတယ်"
ဒန့်စကားကြောင့် ဖူဝင်း အပြစ်ရှိသလိုမျိုး သူရင်ထဲ တင်းကြပ်တဲ့ခံစားမှုတစ်ခုကိုခံစားလိုက်ရတယ်။ ကိုကိုနဲ့တူတူရှိနေခဲ့တဲ့ ကျတော်ဟာ ကိုကိုချစ်နေတာကိုမသိရအောင်ထိ တော်တော်လေး ‌တုံးအနေခဲ့တာလားကိုကို။ ဘာလို့များ ကိုကိုကျတော့်ကို ချစ်နေတာလားဆိုတဲ့အတွေးမျိုး ကျတော်တစ်ခါလေးတောင်မတွေးမိခဲ့ပါလိမ့်နော်....
"မင်းဘာလုပ်မယ်စိတ်ကူထားလဲ"
"အင်းအစက ကိုကိုငါ့ကိုချစ်နေတယ်ဆိုတာသိတော့ ငါတော်တော်ခေါင်းကြိမ်းသွားတာ ပြီးတအားလည်းရှုပ်ထွေးသွားတာပဲ။ဒါမဲ့ ခုမနက်ကျ ကိုကိုချစ်နေတာကို ငါကစိတ်မရှုပ်ထွေးနေတော့ဘဲ တသိမ့်သိမ့်ကြည်နူးနေသေးတယ်။"
ဖူဝင်းက သူ့အတွေးနဲ့သူပြောနေရင်း တစ်ချက်ချက်သူ့ဘက်လှည်ကာ ရယ်မောလို့ ပြောနေရင်းဖူဝင်းမျက်နှာဟာ ပြန်တည်ငြိမ်သွားပြီး
"ဒါမဲ့ ငါဖိမစ်ကိုလည်း ငါချစ်တယ် ဒန့်။ ငါဘဝမှာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ပေါ်ဖူးတဲ့အချစ် အဲ့အချစ်ကလည်းဖိမစ်နဲ့မှဖြစ်လာတာဒန့်ရဲ့။ ငါကိုကို့ကို မချစ်ဘူးလားဆိုတော့လည်း ငါ့မှာအဖြေရှိမနေဘူးဒန့်ရယ်။ ငါဘာလုပ်သင့်သလဲ"
သူခုလိုပြောတော့ ဒန့်ကရယ်ကာ သူ့လက်ကို ဆွဲယူလိုက်ပြီး
"မင်းရဲ့ ဟော်ဒီလက်နဲ့ မင်းနှလုံးသားထဲကဖြစ်ပေါ်လာတဲ့စကားသံတွေကို နက်"ရှိုင်း"နားထောင်ကြည့်စမ်းပါကွာ။ မင်းလည်းဆေးကျောင်းသားပဲ ကိုယ်ချစ်တဲ့သူတွေနဲ့အတူရှိနေချိန် ဟော်မုန်းကြောင့် နှလုံခုန်နှုံးတွေကလည်း မြန်လာတတ်တယ်တဲ့။ မင်းဘယ်သူနဲ့ရှိနေတဲ့အချိန် ပြုံးပျော်နေတတ်လဲ။ ဘယ်သူကမင်းကို ရှက်သွေးဖြာအောင်ရန်ခုန်အောင်အမြဲလုပ်တတ်လဲ။ မင်းဘဝထဲမှာ ဘယ်သူကမရှိလို့မဖြစ်တဲ့သူက ဘယ်သူလဲ။ ငါအမြင်တော့ မင်းကဖိမစ်နဲ့ပွန်ကိုဆက်ဆံပုံချင်းမတူဘူး။ မင်းမှတ်မိမလားမသိဘူး။ ဟိုတစ်ခေါက် ဖိမစ်နဲ့ အမကြီးတစ်ယောက်စကားပြောချိန်တုန်းက မင်းကိုငါအကဲခတ်မိတာ မင်းရဲ့မျက်နှာမှာ ဘာခံစားချက်မှရှိမနေဘူး။ ဒါမဲ့ ပွန် ဟိုးတစ်နေ့ည barမှာ အမတစ်ယောက်နဲ့တွေ့တော့ မင်းမျက်နှာမှာ သဝန်တိုမှုတွေအပြည့်ပဲဖူဝင်း။"
"ငါ ငါ..."
____________________
"ဟူး"
ဖူဝင်း အတန်းအကုန်ပြီးတာနဲ့ တိုက်ခန်းကိုသာတန်းပြန်ခဲ့တယ်။ ရောက်တာနဲ့ ကုတင်ပေါ်ပက်လက်လန်လို့ လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။ ပထမက သူမားတို့အိမ်ပြန်ဖို့လုပ်ခဲ့ပေမယ့် အရက်အလွန်အကျွံသောက်တဲ့ရလဒ်ကြောင့် မအီမသာဖြစ်နေတဲ့ ကိုကို့ကို သူတစ်ယောက်တည်း မထားခဲ့ချင်လို့ ကိုကို့ရှိတဲ့တိုက်ခန်းဆီကိုပဲ ပြန်လာလိုက်တာ။

You've reached the end of published parts.

⏰ Last updated: Sep 18 ⏰

Add this story to your Library to get notified about new parts!

ဝေခွဲ၍မရလေသော......Where stories live. Discover now