"ဟူး"
ဘယ်နှစ်ခါမှန်းမသိတော့တဲ့ သူ့ရဲ့သက်ပြင်းချသံ။သူရင်ဘတ်အစုံကိုကိုင်ကြည့်လိုက်တုန်း လိုတာထက်ပိုခုန်နေတဲ့ နှလုံးခုန်သံ။သေချာတာတစ်ခုကိုသူပြောရရင် သူဒီနေ့အတွက် သူအားမွေးနေပေမယ့် ခေါင်းထဲကခဏခဏပေါ်ထွက်လာတဲ့ မေးခွန်းတွေကြောင့် သူခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ။ သေချာတယ်ခုချိန် သူ့ရဲ့လက်ကို တစ်ယောက်ယောက်ကလက်ကိုင်မယ်ဆိုရင် လန့်လို့ထွက်ပြေးမှာသေချာတယ်။ သရဲလက် အင်း..သေပြီးသားလူတစ်ယောက်ကခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောတွေကနေ သွေးတွေမလည်ပတ်တော့တဲ့အတိုင်း သူ့လက်တွေကလည်း အဲ့သလိုအေးစက်နေတယ်။သူ့သက်ပြင်းချသံကိုကြားတဲ့ ဂျွန်က သူ့ပုခုံးကိုလာပုပ်ကာ
"Easy,bro. ရည်စားစကားပြောတာအခုလိုfeelingရတယ်ဆိုပေမယ့် မင်းလုပ်နိုင်မှာပါကွာ။ဒါနဲ့ ဘာလို့ ဖွင့်ပြောမယ့်နေရာကို အရင်မသွားတာလဲ"
ဟုတ်တယ်။သူဒီကိစ္စကိုသိပ်သိချင်တာပဲ။ဘယ်နှယ့် အရင်ဖွင့်မပြောဘဲ စီနီယာအကိုတွေရဲ့ experience sharing ကိုအရင်သွားပြီးမှ ဖွင့်ပြောမယ်တဲ့။ သေချာပေါက် ဖူဝင်းနဲ့ရည်စားဖြစ်မယ်ဆိုတာ ဂျွန်တပ်အပ်ပြောနိုင်တာမို့ အဲ့အတွက်သူမပူပါဘူးလေ။ ဘာလို့ဆို ဖူဝင်းတန်က ပွန်နာရာ့ကိုဆက်ဆံတဲ့ပုံနဲ့သူတို့ကို ဆက်ဆံတဲ့ပုံကိုကြည့်တာနဲ့ ချစ်နေတယ်ဆိုတာ လကမ္ဘာပေါ်ကကြည့်တောင်သိသာနေတာမလား...
"မင်းမသိပါဘူးကွာ"
သူဘာလို့ ခုလိုလုပ်ရတာလဲဆို အဖြေကရှင်းရှင်းလေး ဖူဝင်းအတွက်ပဲ။ ဖူဝင်းက ဉာဏ်လည်းသူ့ထက်ကောင်းတယ် သူစာကိုတစ်ခေါက်တည်းရှင်းပြတာနဲ့ နားလည်တယ်။တစ်ခုပဲ အရင်ငယ်ငယ်ကတည်းကနေခုထိ စာဆိုတဲ့အသံကြားတာနဲ့ဖူဝင်းတို့က သရဲသဘတ်မြင်သလိုပဲ ထွက်ပြေးနေတာ။ ဒီနှစ်ကအရေးကြီးတယ်လေ စာကောင်းကောင်းလုပ်နိုက်မှသာ သူတို့ uni ကောင်းကောင်းတက်ရမှာမလား။ ဒါကြောင့် ဖူဝင်းကောသူကော စီနီယာအကိုအမတွေရဲ့စာလုပ်တဲ့ tipဘာညာရလို့ရငြားသူသွားနားထောင်ဖို့လုပ်တာပေါ့။ဒီအကြောင်းအာချန့်ကိုသူကအသေးစိတ်သွားပြီးရှင်းပြနေလည်း အဲ့အာချန်ဆိုတဲ့ကောင်က ဒန့်နက်ထချိုင်းစကားလောက်တောင် သူ့စကားကို စိတ်ဝင်စားတာမဟုတ်။ သူဖူဝင်းကိုသွားခေါ်ဖို့ ပြန်မယ်အလုပ် သူ့စကားကိုမကျေနပ်သည့်အလား "မသိလို့မေးတာပေါ့ကွ"ဆိုတဲ့စကားသံကထွက်လာသေးတယ်။
_____________
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....