"ဟူး ကိုကိုရယ် စာတွေက ခက်လိုက်တာ"
ကျောင်းဝန်းထဲ အရိပ်ရတဲ့နေရာတစ်ခုတွင် ဂျွန်၊ဒန့်တို့နဲ့ သူတို့စာအတူတွဲလုပ်နေရင်းက စာထဲအလုံးစုံ စိတ်နှစ်ကာ mathပုစ္ဆာတွေတွက်နေရင်းကနေ ဖူဝင်းက လေပူတစ်ချက်မှုတ်ထုတ်ကာ ပျင်းရိပျင်းတွဲအသံလေးနဲ့ သူ့ပုခုံးလေးပေါ်ခေါင်းမှီကာ ဆိုလိုတာကြောင့် သူ့မှာ ရင်ထဲကလှိုက်တက်လာတဲ့ အပြုံးတွေက ဖုံးမရဖိမရ
ဒီအကျင့်လေးကအခုထိမပျောက်သေးဘူး။ သူသိတာပေါ့ ဖူဝင်းက တစ်ခုခုကိုအားစိုက်ကာလုပ်ရင်းကနေ အားလုံးပြီးသွားတဲ့အခါသို့မဟုတ် လုပ်နေရင်းတန်းလန်း ဖျော်ရည်တစ်ခုခုသောက်ချင်လာတဲ့အခါပြောနေကျစကားလေး။"ဟုတ်ပနော် ကိုကို့ရဲ့ဖူဝင်းလေးက တော်လိုက်တာ စာတအားတွေကြိုးစားနေတာ။ ပြောဘာသောက်ချင်လဲ ကိုကိုကန်တင်းမှာသွားဝယ်ပေးမယ်"
သူအဲ့လိုပြောတော့ သူ့အပေါ်ပျင်းရိပျင်းတွဲမှီတွဲနေတဲ့အကောင်ပေါက်ကလေးကသူမျက်နှာကို အံ့ဩတဲ့အကြည့်ကလေးတွေအင်း..ပျော်သွားတဲ့မျက်နှာလေးနဲ့ကြည့်လာတယ်။ပြီးသူ့ကိုလည်း "ကိုကိုက ကျတော်ဘာဖြစ်ချင်မှန်းသိနေတာပေါ့ဟီး" ဆိုပြီး သူ့လက်မောင်းကို ဖြူဖွေးဖွေး လက်ကလေးနှစ်ဖက်နဲ့ဖက်ကာပြောလာလေတယ်။ ဖူဝင်းရယ်...ကိုကိုကလေ ဖူဝင်းရဲ့အကြိုက်၊မကြိုက်တာတွေကို အသေးစိတ်ကအစမှတ်ထားတဲ့သူပါကွာ။ သူဒီစကားလေးကိုတော့ သူ့ရင်ထဲမှာသာသိမ်းထားပြီးအပြင်မှာတော့ ဖူဝင်းကိုပြုံးပြကာ ကန်တင်းထွက်လာတယ်။
မျက်စိရှေ့တွင် တစ်တီတူးချစ်ကြည်နူးနေသောအတွဲအား ဂျွန်ဥပေက္ခာပြုကာ စာဆက်လုပ်နေလိုက်တယ်။ ရည်စားကမဖြစ်သေးဘူး roနေကြပြီ ရည်စားများဖြစ်လို့ကတော့...။ငါတောင် ငါ့ Dunkကိုသူတို့လောက်မချွဲရဘူး။
"ရော့ဖူဝင်းဒါကဖူဝင်းကြိုက်တဲ့ဖျော်ရည်၊ပြီးမင်းတို့နှစ်ယောက်အတွက်ကော ဝယ်လာခဲ့တယ်"
ပွန်ကအားလုံးအတွက်ဖျော်ရည်တစ်ခွက်စီ ပေးလိုက်ကာ စာဆက်လုပ်နေတယ်။ခဏနေတော့
"ကိုကို ကျတော် ကိုကို့ဖျော်ရည်သောက်ချင်တယ်"
"သောက်လေ ကိုကိုအသစ်သွားဝယ်ပေးမယ်"
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....