ဖူဝင်း ကိုကိုရဲ့ စာကြည့်စားပွဲက ထိုင်ခုံလေးပေါ်ထိုင်လိုက်ပြီး ပန်းခြောက်လေးတွေကို စားပွဲပေါ်ချကာ ကိုကိုရဲ့ ဒိုင်ယာရီ စာအုပ်လေးကိုဖတ်ဖို့ပြင်လိုက်တယ်။ သူပထမဆုံး စာရွက်ကလေးကိုလှန်လိုက်တယ်။ စာရွက်ရဲ့ညာဘက်ပေါ်မှာ ကိုကိုကရက်စွဲလေးတပ်ထားတယ်။
Hello, My Diaryလေးရေ...
ဒီနေ့ငါ့မှာ ပြောစရာတွေအများကြီးရှိတယ်။ငါရင်တွေခုန်နေတယ်သိလား။ငါဖူဝင်းနဲ့တွေ့လိုက်တိုင်း ငါ့ရင်ခုန်သံတွေကလိုတာထက်ပိုပိုပြီးခုန်နေတတ်တယ်။အရင်ကဖူဝင်းငါ့ကိုဖက်လိုက်တဲ့အချိန်တိုင်း၊ပြုံးပြတဲ့အချိန်တိုင်းငါဘာမှမဖြစ်ပေမယ့် အခုတော့လေဖူဝင်းငါ့ရင်ခုန်သံတွေမကြားရအောင်လို့လုပ်ရတာအလုပ်တစ်ခုလိုပင်ဖြစ်နေပြီပေါ့။ ဖူဝင်းပြုံးလိုက်ရင်လေ ငါ့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးရပ်တန့်သွားသလိုပဲ ငါလေဘာသံမှလည်းမကြားရတော့သလို အနီးအနားမှာရှိတဲ့ပတ်ဝန်းကျင်ကိုလည်း သတိမမူမိတော့တဲ့အထိဖူဝင်းအပြုံးမှာငါနစ်မြှုပ်သွားတယ်။အင်း...ဒါကို အချစ်လို့ခေါ်လို့ရမလားဟင်။ငါသိပါတယ် ငါကအခုမှGrade-9ပြီးခါစကျောင်းသားတစ်ဦးပဲရှိသေးတာလေ။ ဆယ်ကျော်သက်အရွယ်တစ်ယောက်မို့ ဖူဝင်းအပေါ်ကိုစိတ်ကစားသလိုဖြစ်နေတာလားဆိုတာငါ့မှာသေချာရေရာတဲ့အဖြေမရှိသေးဘူး။ငါလေမသေချာဘဲနဲ့လည်း ဖူဝင်းကိုမပြောပြချင်ဘူး။ဘာလို့ဆို ငါ့ရဲ့မသေချာမှုကြောင့် ဖူဝင်းစိတ်ညစ်မှာကိုမလိုလားလို့လေ.....
Pond-9:15pm
ဟင် ကိုကိုက ငါ့ကိုချစ်နေခဲ့တာတဲ့လား။ grade 9ကတည်းကလေ။ ဖူဝင်း ဆက်ပြီး နောက်ထပ်စာရွက်တစ်ရွက်ကိုလှန်ကာ ဆက်ဖတ်လိုက်တယ်။My Diaryလေးရေ...
ဒီကနေ့တော့ငါ့ရဲ့တစ်နေ့တာက ပုံမှန်အတိုင်းပါပဲ။ဒါမဲ့သိလား ဖူဝင်းကလေဆံပင်ညှပ်လိုက်တယ်။ ဆံပင်လေးကလုံးလုံးလေးနဲ့လေ သိပ်ချစ်ဖို့ကောင်းတာ။အဟက်...ငါတော့တစ်နေ့တစ်ခြားအချစ်ပိုရပါတယ်ကွာ....
Pond-10:00pm10နာရီဆိုတဲ့အချိန်လေးက ကိုကိုစာရေးပြီးတဲ့အချိန်ကိုရေးတယ်ထင်တယ်။ သူဖတ်နေတဲ့စာရွက်နှစ်ရွက်မှာ dateလေးရယ်၊ ကိုကိုနာမည်ဖြစ်တဲ့ပွန်ဆိုတဲ့ signလေးတစ်ခုနဲ့အချိန်လေးရယ်အမြဲပါနေတတ်တယ်။ သူစာရွက်နည်းနည်းကျော်ဖတ်တော့ ခုနက ပန်းခြောက်လေးတွေဖိထားတဲ့နေရာလေးကိုတွေ့ရတယ်။
YOU ARE READING
ဝေခွဲ၍မရလေသော......
Fanfictionဖူဝင်းတန်ဆိုတဲ့လူသားလေးဟာလေ ကျတော့်အတွက်တော့ နွံတစ်ခုလိုပါပဲ။ ခြေချမိတဲ့နေ့ကစလို့ ကျတော့်မှာ ရုံးနိုင်တဲ့ခွန်အားရှိနေရင်တောင်မှ မရုန်းဘဲ ကျတော်ဟာ ဒီနွံထဲမှာပဲ အကြိမ်ကြိမ်နစ်မြှုပ်စေချင်မိသည်အထိပေါ့....