Unicode
"ဟူးးဟဲ ဟူးးဟဲ ဟားး က-ကျွန်တော့်ကိုစောင့်ပါဦး ဟးး မ-မထားခဲ့ပါနဲ့.."
ကောင်လေးတစ်ယောက်အမှောင်ထဲမှာမောပန်းစွာပြေးလွှားနေတယ်။ သူ့ခြေထောက်မှသွေးများစီးကျနေသည်ကိုတောင်သတိမမူစွာ လိုရာကိုသာပြေးနေတယ်။ တစ်ဖက်ခြမ်းမှ အလင်းများထင်ဟပ်နေပြီး လူတို့ရဲ့ပျော်ရွှင်စွာစကားပြောသံတွေ ရယ်သံတွေကိုလည်းကြားရမည်ဖြစ်သည်။ ထိုလူတွေကြားထဲမှထင်းထွက်နေတဲ့ လူတစ်စုကြားက အရှိန်အဝါအပြည့်ရှိတဲ့လူတစ်ယောက်နဲ့ နတ်သားလေးတစ်ပါးလိုအပြုံးကိုဖော်ဆောင်ထားတဲ့ချစ်စဖွယ်ကောင်လေးက ဘေးနားကလူများနှင့်စကားဖောင်ဖွဲ့ကာပြောဆိုနေကြသည်။ သူတို့နှစ်ယောက်ကိုအတူတွဲနေရသည်မှာ နတ်ဘုရားတွေအလား။
"ဟင့်အင်းး ဟင့်အင်းးး ကျွန်တော့်ကိုမထားခဲ့ပါနဲ့ ဟူးးဟဲ မ-မစွန့်ပစ်လိုက်ပါနဲ့"
ထိုကောင်လေးသည် တစ်ဖက်ရှိ သူပြေးလွှားနေတဲ့နေရာနဲ့မတူစွာ ပျော်ရွှင်စွာရယ်မောနေတဲ့ ထိုလူနှစ်ယောက်အနားသို့ရောက်အောင်ပြေးနေပေမဲ့ အမှောင်ထဲကမလွတ်နိုင်ဘူး။ သူဘယ်လောက်ပြေးပြေးသူလိုရာဆီသို့မရောက်နိုင်ဘူး။ မြင်နေရပေမဲ့ ရောက်ဖို့ပိုကြိုးစားလေလေပိုအလှမ်းဝေးလာလေပဲ။
"အားးးးးးးးးးးးးးးး"
Lucian တစ်ယောက်ချွေးများစိုရွဲကာလန့်နိုးလာတယ်။ အိမ်မက်ဆိုးကြောင့်အခုထိအလန့်မပြေသေး။ သက်ပြင်းအရှည်တစ်ချက်ချကာ သူ့လက်တွေကိုငုံ့ကြည့်လိုက်တယ်။
"အင်း ရှိနေသေးတယ်"
ဟုတ်ပါတယ်။ Lucian ကပြန်လည်မွေးဖွားလာသူတစ်ယောက်ပါ။ Lucian တစ်ယောက်ကုတင်ပေါ်မှမနည်းဆင်းကာ မှန်တင်ခုံပေါ်မှာတင်ထားတဲ့သောက်ရေတစ်ခွက်ကိုယူကာ ရေသောက်လိုက်တယ်။ ထို့နောက် သူ့ကိုယ်သူမှန်ထဲသို့ကြည့်လိုက်တယ်။ နက်မှောင်နေသောဆံနွယ်၊ အနီရောက်မျက်ဝန်းဝိုင်းဝိုင်းလေးတွေ၊ ဖျော့တော့နေသောအသားရေ၊ သေးငယ်တဲ့ခန္ဓာကိုယ်၊ သစ်ခွအနံသင်းသင်းလေးရှိနေတဲ့ကိုယ်သင်းရနံ့လေး။ ၆နှစ်အရွယ် Lucian ဖြစ်သည်။
YOU ARE READING
The Rebirth of Lucian
FantasyUnicode "ငါ့ကိုဖျက်စီးခဲ့တဲ့သူတွေကို ငါကပြန်ဖျက်စီးပစ်မှာမို့လို့ စောင့်ကြည့်နေလိုက်" Zawgyi "ငါ့ကိုဖျက်စီးခဲ့တဲ့သူတွေကို ငါကပြန်ဖျက်စီးပစ်မှာမို့လို့ စောင့်ကြည့်နေလိုက်" ~မီကို~