Unicode
ပထမဦးဆုံး အပင်လေးတွေပေါက်အောင်လုပ်သည်။ ပြီးနောက် ရှင်သန်
ကြီးထွားအောင်လုပ်သည်။ သေးသေးလေးကနေ ကြီးအောင်လုပ်သည်။Lucian ချွေးများထွက်လာကာမောပန်းနေပေမဲ့လည်း မရပ်မနား။ အပင်စွမ်းအင်သည်လည်း အားအကုန်သုံးရလေသည်။ ခက်ခဲသည်။ အစပိုင်းမှာလွယ်သည်ထင်ရပေမဲ့ အပင်တွေနဲ့ချိတ်ဆက်ဖို့ ကိုယ်ခံစွမ်းအားအများအပြားအသုံးပြုရသည်။
"မင်းနားသင့်ပြီ"
Lucian ခေါင်းညိမ့်ကာ စာအုပ်ကြီးအနားမှာသွားထိုင်လိုက်သည်။ စာအုပ်ကြီးပြောတဲ့အတိုင်းလေ့ကျင့်တာကပိုလွယ်ကူပြီး တတ်မြောက်လွယ်သည်။
"ကျွန်တော် အလင်းစွမ်းအင်ကို
ဖြစ်နိုင်ရင် အခုအရွယ်မှာလိုချင်တယ်""စိတ်မပူပါနဲ့ မင်းကိုပြုစုပျိုးထောင်ပေးရမဲ့ တာဝန်ငါ့မှာရှိတာမို့လို့သေချာပေါက် မင်းကအင်အားအကြီးဆုံးဖြစ်ရမယ်"
Lucian မျက်လုံးများမှိတ်တဲ့အထိပြုံးလိုက်သည်။ သူ့၏ပါးနှစ်ဖက်မှာရှိတဲ့ ပါးချိုင့်နှစ်ခုဟာလည်း ထင်းထွက်လာသည်။
>>>>>>>>
ညမိုးချုပ်တော့ Lucian သည်စာအုပ်ကြီးကိုပိုက်ကာ သူ၏အခန်းထဲသို့ပြန်ဝင်လာလေသည်။ စာအုပ်ကို ကုတင်ပေါ်တင်ကာ ကိုယ်လက်သန့်စင်လေသည်။
သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက်
ကုတင်ပေါ်ကစာအုပ်ကိုကြည့်ကာ"ကျွန်တော်မရှိတုန်း ငြိမ်ငြိမ်နေ"
ထိုသို့ဆိုပြီးနောက် အခန်းအပြင်သို့ထွက်လာသည်။ အဆင်သင့်စောင့်နေသော အစေခံနှစ်ယောက်။
"မင်းသားရှင့် ညစာအဆင်သင့်ဖြစ်နေပါပြီ"
Lucian ခေါင်းတစ်ချက်ညိမ့်ကာ ညစာစားခန်းထဲသို့လျှောက်သွားလေသည်။ ထို့နောက်တံခါးမကြီးကိုဖွင့်ပြီး ထိုင်နေကျဖြစ်သည့် ဘုရင်ကြီးရဲ့မျက်နှာချင်းဆိုင် ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ ပုံမှန်အတိုင်း ဘုရင်ကြီးရဲ့ဘယ်ဘက်မှာ မင်းသားငယ်နဲ့ ဒုတိယမိဘုရား။ ညာဘက်မှာတော့ ဘုရင်ကြီးရဲ့ ညာလက်ရုံးလည်းဖြစ် မိဘုရားရဲ့အကိုလည်းဖြစ်သည့် ဦးရီးတော်နဲ့ သူ၏သား Cedric တို့ဖြစ်လေသည်။

YOU ARE READING
The Rebirth of Lucian
FantasyUnicode "ငါ့ကိုဖျက်စီးခဲ့တဲ့သူတွေကို ငါကပြန်ဖျက်စီးပစ်မှာမို့လို့ စောင့်ကြည့်နေလိုက်" Zawgyi "ငါ့ကိုဖျက်စီးခဲ့တဲ့သူတွေကို ငါကပြန်ဖျက်စီးပစ်မှာမို့လို့ စောင့်ကြည့်နေလိုက်" ~မီကို~