The Rebirth of Lucian 8

54 6 0
                                        

Unicode

၃လကြာပြီးနောက်...

တစ်နေ့တာကို မနက်ပိုင်းတွင်စာအုပ်တွေနဲ့အချိန်ဖြုန်းပြီး နေ့လည်ပိုင်းကို Cedric နဲ့ဓားရေးလေ့ကျင့်သည်။ ညနေပိုင်းကို တောအုပ်ထဲမှာစာအုပ်နဲ့အတူလေ့ကျင့်လေသည်။ ၃လအတွင်း Lucian သည်အတော်တိုးတက်လာပြီး အပင်စွမ်းအင်ကိုလည်းကျွမ်းကျွမ်းကျင်ကျင်သုံးတတ်လာသည်။

ထိုအတွင်း Thorne ရဲ့နှောင့်ယှက်မှုတွေကိုကြုံရပေမဲ့လည်း Lucian လိုပြန်လည်မွေးဖွားသူအတွက် ပမွှားလေးတွေသာဖြစ်သည်။ Cedric ကိုလည်းသိပ်မစိမ်းကားတော့သလို ဦးရီးတော်နဲ့ လည်းပိုရင်းနှီးသွားသည်။

ဒီနေ့က Cedricကျောင်းတော်ကိုပြန်မည့်ရက်ဖြစ်သည်။ Cedric ကအသက်၁၂နှစ်ဖြစ်သည်မို့ Posalo တော်ဝင်ကျောင်းမှာဝင်ခွင့်အောင်ပြီးတက်နေတာ ၁နှစ်တောင်ရှိပြီဖြစ်သည်။ နွေရာသီကျောင်းပိတ်ချိန်မို့သာ နန်းတော်ကိုအလည်လာခြင်းဖြစ်လေသည်။ 

အခုအချိန်သည် နှုတ်ဆက်ခြင်းဖြစ်သည်။ အဖြူရောင်မြင်းနှစ်ကောင်ဆွဲထားသော ရွှေကွပ်ထားသောရထားလုံးသည်သင့်တယ်လှလေသည်။ Cedric သည်အဖြူရောင်ဝတ်စုံလေးကိုဝတ်ထားသည်မို့ ကြည့်ရုံနှင့်တင်အမြင်ကိုအေးချမ်းစေသည်။ ဦးရီးတော်က‌တော့ ခမည်းတော်နှင့်နည်းနည်းအလှမ်းဝေးသည့်နေရာတွင်စကားပြောနေကြသည်။ 

Thorne ကတော့နှာတစ်ရှုံ့ရှုံ့နဲ့ နှာတံလေးသည်နီရဲနေပြီး မျက်အိတ်ကဖောင်းနေသည်မို့ ငိုထားမှန်းသိသာလေသည်။ Cedric က Thorne ကိုချော့မော့ကာစကားပြောပြီးနောက် Lucian ဘက်သို့လျှောက်လာလေသည်။ ထို့နောက် Lucian ရှေ့တွင်မုဆိုးဒူးထောက်ထိုင်ကာ Lucian ခေါင်းလေးကိုညင်သာစွာပွတ်ကာ

"ကျွန်တော်မျိုးတော့ လွမ်းနေတော့မှာပဲ.."

"..."

"နောက်နွေရာသီပိတ်ရက်တွေမှာ ကျွန်တော်လာဖြစ်ဖို့ကမသေချာဘူး"

သူသိတာပေါ့ ပထမတစ်နှစ်ကတော့ လွယ်ကူတယ်လို့ထင်ရပေမဲ့ ဒုတိယနှစ်ကနေစပြီး နောက်၇နှစ်အထိကခက်ခဲသည်။ အချိန်တိုင်းလက်တွေ့လေ့ကျင့်ခန်းတွေကြုံလာရမယ်။ ကျောင်းတွင်း အန္တရာယ်တွေရှိလာမယ်။ အမှတ်ကောင်းကောင်းရရင် တိုက်ပွဲအထိပါခေါ်သွားမယ်။

The Rebirth of LucianWhere stories live. Discover now