The Rebirth of Lucian 3

62 6 2
                                        

Unicode

Lucian တော်ဝင်ဘိုးဘွားပိုင်စာကြည့်တိုက်ထဲဝင်ပြီး တွေ့ရာစာအုပ်တစ်အုပ်ကိုကောက်ကိုင်ကာ စဖတ်တော့သည်။

၂နာရီကြာပြီးနောက်...။ Lucian စာအုပ်ကိုစားပွဲပေါ်ချပြီး မျက်နှာကြက်ကိုမော့ကြည့်လိုက်တယ်။

'ငါ့မှာအလင်းစွမ်းအင်မရှိတာမဟုတ်ဘူး.. မြုံနေတာပဲ အရင်ဘဝက ငါ့အသက်၂၀မှာ အလင်းစွမ်းအင်နိုးထလာပေမဲ့ အရမ်းအားနည်းနေခဲ့တယ်... ဒီဘဝမှာတော့ စာမေးပွဲမတိုင်ခင်အစွမ်းပွင့်အောင်လုပ်မှဖြစ်မယ်'

ဟူးးးးး

သက်ပြင်းချပြီး မှော်စွမ်းအင်နဲ့ပတ်သတ်ပြီးစာအုပ်တွေတစ်ခုပြီးတစ်ခုလိုက်ရှာဖတ်တော့သည်။

Lucian စာအုပ်အထပ်လိုက်ကိုသယ်ကာ ဥယာဥ်ထဲသို့ရောက်လာပြီး သစ်ပင်တစ်ပင်အောက်မှာထိုင်ကာ တစ်ခုပြီးတစ်ခုစိတ်ဝင်တစားဖတ်ရှုတော့သည်။

အချိန်အားဖြင့် ညနေတောင်စောင်းတော့မယ်။ Lucian တစ်ယောက်စာအုပ်ကမ္ဘာထဲနှစ်မြှုပ်နေဆဲ။ သစ်ရွက်ကြွေတွေကိုနင်းအသံကြားလို့မော့ကြည့်လိုက်သောအခါ သူ့ရဲ့ညီတော်မောင်ဖြစ်နေလေသည်။

Theron တစ်ယောက်အပျင်းပြေလမ်းလျှောက်ထွက်လာတော့ သူ့ရဲ့အကိုတော်ကိုတွေ့မယ်မထင် ပြီးတော့ထူးဆန်းစွာမှော်စာအုပ်တွေဖတ်နေတာကိုကြည့်ပြီးလည်း အံ့သြမိတယ်။ ငယ်ငယ်ကတည်းကအခုထိ အကိုတော်မှော်စွမ်းအင်အသုံးပြုသည်ကိုမတွေ့သလို ကြားလည်းမကြားမိပါ။ ထို့ကြောင့်ငယ်ငယ်ကတည်းက တော်ဝင်ဂုဏ်သက္ခာကိုကျစေတဲ့အကိုတော့်ကိုလှောင်ပြောင်ခဲ့သည်။ သူတင်မက အကုန်လုံးကပါ လှောင်ပြောင်ကြသည်။

"ဘာလိုချင်လို့လဲ"

"အာ... အကိုတော်ကထူးထူးဆန်းဆန်းမှော်စာအုပ်တွေဖတ်နေပါလား"

Lucian နှုတ်ခမ်းများအနည်းအငယ်အပေါ်သို့ကော့တက်သွားသည်။

"အင်း နည်းနည်းလေ့လာချင်လို့"

အကိုတော်ရဲ့အပြုံးကိုမြင်လိုက်ရသောအခါ ကြက်သေ သေသွားတယ်။ ထိုအပြုံးကသေးငယ်ပေမဲ့ အရမ်းလှနေတယ်။ စိတ်ထဲတစ်မျိုးတစ်မည်ခံစားလိုက်ရပေမဲ့လည်းဖုံးကွယ်ကာ လက်သီးကိုဆုပ်လိုက်မိတယ်။ မုန်းသောစိတ်နဲ့မနာလိုစိတ်တွေကိုနှလုံးသွင်းပြီး ဖြေလျှော့လိုက်သည်။

The Rebirth of LucianWhere stories live. Discover now