The Rebirth of Lucian 5

55 9 4
                                    

Unicode

မနက်ခင်းမိုးသောက်ချိန်တွင် Lucian တစ်ယောက်ကြောင်တောင်တောင်ဖြင့်နိုးလာသည်။ ကုတင်ပေါ်မှာလည်းငုတ်တုတ်ကြီးထိုင်နေတာ ၅မိနစ်လောက်ရှိပြီဖြစ်သည်။

"ငါဘယ်လိုလုပ်အခန်းထဲပြန်ရောက်နေတာလဲ.. မနေ့ညကငါ့ကိုကုန်းပိုးလိုက်ပို့တဲ့အထိပဲမှတ်မိတယ်.."

Lucian ကိုယ့်နဖူးကိုယ်ပြန်ရိုက်ပြီး
ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲဝင်သွားလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါဘာမှမဖြစ်လို့တော်သေးတယ်.." 

နာရီဝက်လောက်ကြာတော့ Lucian ရေချိုးခန်းထဲကထွက်လာပြီး အဝတ်အစားဝတ်လေသည်။ သူသပ်သပ်ရပ်ရပ်ပြင်ဆင်နေတုန်းမှာ

"ဒေါက်... ဒေါက်"

တံခါးခေါက်သံကြားတော့ မနက်စာလာပို့တဲ့အစေခံတွေလို့ထင်ပြီး 

"ဝင်ခဲ့"

ထို့နောက်တံခါးကဖြည်းညှင်းစွာပွင့်လာပြီး အစားအသောက်လင်ဗန်းကိုကိုင်ထားတဲ့ Cedric ဖြစ်နေသည်။ Lucian လည်းသူ့ရဲ့မျက်ခုံးများတွန့်ချိုးသွားပြီး Cedric ကိုစိုက်ကြည့်နေလိုက်သည်။ Cedric လည်းသူ့ကိုမျက်မှောင်ကြုံ့ကာကြည့်နေတဲ့ အနီရောင်မျက်ဝန်းတစ်စုံကြောင့် ကြောက်လည်းကြောက်မိသလို တစ်ချိန်ထဲမှာချစ်ဖို့ကောင်းတယ်လို့တွေးမိသည်။

"အဟမ်းး ဟို ကိုယ်က အစေခံတွေမအားတော့ ကိုယ်လာပို့ပေးတာ"

Lucian တစ်ချက်သာကြည့်ပြီး မှန်တင်ခုံပေါ်ကရှေးဟောင်းနာရီလေးကိုတပ်လိုက်သည်။

"ထားခဲ့ပြီး သွားတော့ ကျွန်တော်မအားဘူး"

Cedric တစ်ယောက်မကြားချင်ယောင်ဆောင်ပြီး အစားအသောက်ပန်းကန်များကို နီးစပ်ရာခုံပေါ်တင်ပြီး Lucian အနားသို့လျှောက်သွားကာ 

"ဟို.. ဒီနာရီလေးက ညီတော့်ဟာလား"

"အင်း ဟုတ်တယ်.. ဘာလဲ ကျွန်တော့်လိုမင်းသားတစ်ပါးကခိုးလာတယ်ထင်လို့လား.."

အကြည့်စူးစူးတွေ Cedric ကိုယ်ပေါ်ကျရောက်လာတော့ မသိစိတ်ကနေတံတွေးမျိုချမိသည်။

The Rebirth of LucianWhere stories live. Discover now