The Rebirth of Lucian 6

41 8 0
                                    

Unicode

Lucian စူးစမ်းချင်စိတ်ကြောင့်စာအုပ်ကိုဖွင့်လိုက်ပေမဲ့ စာရွက်တိုင်းကဗလာ ဘာမှမရေးထား မျက်မှောင်တစ်ချက်ကြုံ့ကာ စာအုပ်ကိုပြန်ပိတ်ဖို့အလုပ်...

"ဟိုးးးးးးးးထားးး"

စာအုပ်ထဲက အသံစူးစူးကြီးထွက်လာတာကြောင့်လန့်ပြီး လက်ထဲကစာအုပ်ပြုတ်ကျကာ အနောက်သို့ဖင်ထိုင်လျက်လေးကျသွားပြီး စာအုပ်ကိုမျက်လုံးပြူးကာကြည့်နေမိသည်။

"အဟမ်းးးး ငါကစာအုပ်လို့ခေါ်..ခေါ်"

သူ့ကိုမျက်လုံးပြူး‌ကြည့်နေတဲ့ကလေးကိုပြန်ကြည့်လိုက်တော့'မင်းစာအုပ်မှန်းငါသိတယ်'ဆိုတဲ့ မျက်နှာဘေးနဲ့ ဆက်ပြောကမဲ့ဟာတောင် နင်သွားတယ်။

Lucian တစ်ယောက်စိတ်မရှည်တော့ပဲ စာအုပ်ကိုကောက်ကိုင်ကာ ဖယောင်းတိုင်မီးရှိရာသို့ယူသွားပြီး မီးရှို့ဖို့အလုပ်...

"ဟေးးးးးး နေ...နေပါ‌ဦး"

"မင်းကဘာမှန်းသေချာမသိတဲ့အခြေအနေမှာ မင်းကိုအရှင်ထားမယ်ထင်နေလား"

"ဟို... ငါကစာအုပ်-"

သူ့ကိုရုပ်သေကြီးနဲ့ကြည့်နေတဲ့ ကလေးကြောင့် မရှိတဲ့ကြက်သီးတောင်ထသွားသည်။

"...ငါကကျိန်စာတစ်ခုကြောင့်ဒီစာအုပ်ထဲရောက်နေတာ ဒါပေမဲ့ဘာ ကျိန်စာလဲဆိုတာငါမမှတ်မိတော့ဘူး.."

"....."

ဆက်ပြောဆိုတဲ့ မျက်နှာဘေးကြောင့်

"အဟမ်းး ငါရဲ့ကျိန်စာကို‌ဖြေဖို့
နည်းလမ်းက ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ပါ.."

"ကလေးတစ်ယောက်...?"

"အင်း ဒီစာအုပ်ကိုဖွင့်နိုင်သူကလည်း ငါသင်ကြားပေးဖို့အရည်အချင်းပြည့်ဝတဲ့ ကလေးတစ်ယောက်ဖြစ်ကမယ်...
ဆိုတော့ အဲ့တာမင်းးးပဲ!"

"မလိုဘူး"

ပိုနီးကပ်သွားတဲ့ ဖယောင်းတိုင်မီးးနဲ့ စာအုပ်တစ်အုပ်

"အားး နေ-နေဦး မင်းကပြန်လည်
မွေးဖွားလာတာမလားးး"

လက်များရပ်တန့်သွားပြီး မျက်ခုံးပင့်ကာ စာအုပ်ကိုကြည့်လိုက်သည်။

The Rebirth of LucianWhere stories live. Discover now