The Rebirth of Lucian 2

84 7 2
                                        

Unicode

'ငါ ၆နှစ်အရွယ် Lucian ပြန်ဖြစ်သွားတာ ၃ရက်တောင်ရှိတော့မှာပဲ'

Lucian မနက်စာ စားပြီးနောက် ဥယာဉ်ထဲသို့လမ်းလျှောက်ထွက်လာသည်။ ကြီးမားခန့်ညားတဲ့ဥယာဉ်ကြီးက အမျိုးမျိုးအဖုံဖုံပန်းများပွင့်လန်းနေကြပြီး မွှေးပျံ့တဲ့ သင်းရနံ့များက လူတိုင်းရဲ့စိတ်ကိုကြည်လင်စေတယ်။ Lucian ရဲ့စိတ်အလုံးစုံဟာလည်း ပေါ့ပါးသွားလေသည်။

'ဒီလို မနက်ခင်း‌လမ်းလျှောက်ထွက်ရတာ တကယ်ကောင်းတာပဲ'

မကြာလိုက်ပါဘူး အေးမြနေတဲ့ Lucian စိတ်တွေလေအဟုန်နဲ့ပျောက်ကွယ်သွားတော့သည်။ အရိပ်အာဝါသရှိတဲ့သစ်ပင်တစ်ပင်အောက်မှာ လက်ဖက်ရည်ပွဲကျင်းပနေသော ဒုတိယမင်းသားနဲ့ သူ့အပေါင်းအဖော်များ။

နှင်းလေးတွေလိုဖြူစွတ်တဲ့ဆံနွယ်အိအိလေး ဆံပင်အရောင်နဲ့ချွတ်ကိုစွပ်ထားတဲ့အသားရေ၊ သမုဒ္ဒလိုကြည်လင်နေတဲ့ အပြာရောင်မျက်၀န်းဝိုင်းဝိုင်းလေးတွေ၊ ဆိုးဆေးအနည်းအငယ်ပါနေသော နှုတ်ခမ်းသားရဲရဲလေး၊ အချိုးအစားညီတဲ့မျက်နှာဝိုင်းဝိုင်းလေးနဲ့ လိုက်ဖက်စွာ အဖြူရောင်တော်ဝင်အင်္ကျီကိုဝတ်ဆင်ထားတဲ့ ဒုတိယမင်းသား Theron ဖြစ်သည်။ ၆နှစ်အရွယ်နှင့်လိုက်ဖက်‌အောင်ကလေးဆန်သောအပြုအမူတို့ကြောင့် တကယ်ချစ်ဖို့ကောင်းလွန်းပါတယ်။

Theron တစ်ယောက် အဆင့်အတန်းမြင့်အခြားမျိုးရိုးသူငယ်ချင်းများနဲ့စကားပြောနေစဉ် လမ်းလျှောက်ထွက်လာသော ငတုံးအကိုတော်ကိုကြည့်
မနာလိုမုန်းတီးစိတ်များထွက်ပေါ်လာပြီး မဲ့ပြုံး ပြုံးလိုက်တယ်။ ထို့နောက် အခြားသူများကိုရိုသေစွာဦးညွှတ်ရင်း Lucian အနားသို့ရောက်လာလေသည်။

"အာ အကိုတော်ကလမ်းလျှောက်ထွက်လာတာလား မကြုံစဖူးနော်"

သူ့အနားသို့ အကြံနဲ့ချဉ်းကပ်လာသော သိုးမွေးခြုံထားတဲ့မြေခွေးညီတော်ကိုကြည့်ကာ မသိမသာပြုံးလိုက်တယ်။

"အင်း အကိုတော်လည်းဒီလိုလမ်းလျှောက်မထွက်ရတာကြာပြီဆိုတော့"

Theron တစ်ယောက်ဘာဆက်ပြောရမလဲမသိဖြစ်သွားတယ်။ အရင်ကဆိုစကားစပြောရင်ပြန်မပြောတတ်သူမို့လို့ ဒီအချက်ကိုအသုံးချပြီး အားလုံးရဲ့သနားစိတ်ကိုရအောင်လုပ်မလို့ပါဆိုနေမှ..။ အမူအယာကိုအမြန်ထိန်းကာ

The Rebirth of LucianWhere stories live. Discover now