The Rebirth of Lucian 9

36 2 2
                                    

Unicode

Lucian သူ့ရှေ့၌ မြေကြီးထဲသို့စိုက်ဝင်နေသော ဓားကိုကြည့်မိသည်။ စွမ်းအင်တွေစီးဆင်းနေသည်ကိုခံစားမိသည်။ သူ့လိုစွမ်းအင်နည်းတဲ့သူကဘာလို့ဒီလိုတွေခံစားမိမှန်းမသိပေမဲ့ ဒီဓားကိုရင်းနှီးနေသလိုပဲ။

"မင်း ဒီဓားရဲ့ရာဇဝင်ကိုသိလား"

Lucian ခေါင်းခါလိုက်သည်။

"ငါသိသလောက်တော့ နတ်ဆိုးတွေကိုအုပ်ချုပ်တဲ့နတ်ဆိုးဘုရင်ကြီးမှာ မိဘုရားတစ်ပါးသာရှိပြီး သားတော်၇ပါးရှိတယ်တဲ့ အဲ့ဒီသားတော် ၇ပါးထဲက အငယ်ဆုံးသားကို ဘုရင်ကြီးကအချစ်ဆုံးပဲတဲ့လေ.. အချစ်ဆုံးမို့လို့ ငယ်ငယ်ထဲက အခြားသားတော်တွေနဲ့မတူပဲမျက်စိအောက်ကကို အပျောက်မခံဘူး.. ချုပ်ချယ်သလိုဖြစ်နေရော.. နောက်တော့ အဲ့ဒီမင်းသားက ကောင်းကင်ပေါ်က ကောင်းကင်နတ်ဘုရားရဲ့ သားကိုချစ်မိသွားတယ်.. သူတို့နှစ်ယောက်အချင်းချင်းမေတ္တာမျှသွားတာကို သိသွားကြတော့ ခွဲကြတော့ပေါ့ အရင်ကတည်းပဍိပက္ခဖြစ်နေတာကြောင့် နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားမှာ ကြီးမားတဲ့စစ်ပွဲကြီးဖြစ်သွားတယ်.. နှစ်ဖက်လုံးကနစ်နာရတယ် ကောင်းကင်ဘုံနတ်ဘုရားရဲ့သားကလည်းစစ်ပွဲအတွင်းသေဆုံးသွားတယ်တဲ့ သူ့ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့အတွက် အငယ်ဆုံးမင်းသားကရင်ကွဲနာကျသွားတယ်..အဲ့ဒီနောက်မှာ အငယ်ဆုံးမင်းသားက သူကိုယ်တိုင်ထုဆစ်ထားတဲ့ဓားတော်နဲ့အတူ သူ့ကိုယ်သူစတေးပြီးစစ်ပွဲကြီးကိုရပ်တန့်စေခဲ့တယ် ပြီးတော့.."

"ဘာဖြစ်လဲ"

"အဲ့ဒီဓားတော်ကလည်း လူ့ဘုံပေါ်ကရောက်လာပြီး မြေကြီးပေါ်မှာစိုက်ဝင်သွားတာ နှစ်ပေါင်းသန်းချီဖြစ်သွားတယ် လူတိုင်းကဓားကိုလိုချင်ပေမဲ့ အခုချိန်ထိဘယ်သူမှမြေကြီးထဲမှစိုက်ဝင်သွားတဲ့ဓားကိုမထုတ်နိုင်ကြဘူး ကြာလာတော့ ပရာတပ်ဆိုတဲ့ဘုရင်တစ်ပါးက ဓားအတွက်ကျောင်းဆောင်တစ်ခုဆောက်ပေးလိုက်တယ် သူအုပ်ချုပ်စဥ်ကာလကဓားကိုသေချာဂရုတစ်စိုက်စောင့်ရှောက်ပေမဲ့ သူဆုံးပါးသွားတော့ ဘယ်သူမှဂရုမစိုက်ကြတော့ဘူး"

Lucian အရှေ့ကဓားကိုကြည့်လိုက်သည်။ အခုချိန်ထိသန့်ရှင်းပြောင်လက်နေသောဓားသည် လက်ရာမြောက်လှသည်။ ရင်းနှီးသလိုခံစားချက်ကြီးကလည်း ထူးဆန်းလှသည်။

The Rebirth of LucianWhere stories live. Discover now