Episode 2

45 6 0
                                    

ဟုန်း!!

လမ်းကိုအမြန်လျှောက်ကာထဘီနဲ့ခြေထောက်နဲ့ညိ့၍အိမ်ပေါ်ကနေပြုတ်ကျသွားသောရိပ်သွန်းညိုသည်သနားစရာရုပ်ကလေးနဲ့ပင်

"အမလေး ကျွတ် ကျွတ် နာတာအားး"

"ဟဲ့ဘယ်လိုဖြစ်တာ"

"အားး ချော်လဲတာဒေါ်ဒေါ်နာတာ"

"အုံဖွ အုံဖွ သွားတော့လမ်းကိုဖြေးဖြေးလျှောက်အုံး"

"ဟုတ်ဒေါ်ဒေါ်"

သွေးသားလို့တော့မပြောရပါဘူးသူမအပေါ်တော့အမြဲမသိမသာကြင်နာပြတတ်သည်

.

.

ကျောင်းထဲသို့စဝင်လာလာချင်းပင်ရွှင်"​ပျ" နို့စိမ်းရောင်ရင်ဖုံးလက်ပြတ်လေးနဲ့ စိမ်းဝါရောင် ထဘီလေးနဲ့ချစ်စရာလေးပင်
ဆံပင်အရှည်လေးအား ကျစ်ဆံမြီးကျစ်ထား၍ ကျောင်းထဲသို့အမြန်ပင်လမ်းလျှောက်လာသည် ခပ်သွက်သွက်ခြေလှမ်းမှားဖြင့် မိန်းကလေးဆန်ဆန် အလှများအပြည့်ရှိ၏

"ဆုပြည့်ရောက်နေပြီလား ဒါတောင်ငါစောလာတာကို"

"ငါကစောကိုရောက်နေတာလေဟားဟားဒါနဲ့ ရူပဗေဒkingကချောတယ်ဆိုလို့ငါတောင်သွားကြည့်မလို့"

"စိတ်မဝင်စားပါဘူး အတန်းပြီးရင်ငါ ရဲစခန်းသွားမလို့ အဖော်လိုက်ခဲ့ပါလား"

ဖြူဖြူဖွေးဖွေးသွားများကိုဖြီးကာအံ့သြနေသည့်ရုပ်ဖြင့်

"ကျက်သည်းထစရာနင်ကဘာသွားလုပ်မလို့"

"နင်ကလဲ ငါကပိုက်ဆံချေးထားလို့အဲ့ကအန်တီကြီးတစ်ယောက်ကိုလေအဲ့တာသွားဆပ်မလို့"

"ဘယ်လောက်မို့လို့လဲ"

မျက်လုံးအဝိုင်းသားဖြင့်ပြန်ကြည့်ကာအပြုံးများကိုရပ်တန့်လိုက်ပြီး ချက်ချင်းပဲမျက်နှာငယ်ပြန်ဖြစ်သွားသည်

"ငါကအဲ့လောက်ချမ်းသာတာမှမဟုတ်တာဟယ် ပြန်ဆပ်ရင်တောင်အပြည့်မဆပ်နိုင်ပါဘူး ခုလို ကောလိပ်တက်ရတာနဲ့တင်ငါအဆင်ပြေနေပါပြီ"

"အို..သွန်းရယ်ငါပြောလိုက်တာအဲအဲ့စိတ်မကောင်းမဖြစ်ပါနဲ့ဟာနော် ပြုံးပြုံးလေးသာနေ ဟီးး"

ကြွေလွင့်စဥ်Where stories live. Discover now