မနက်၆နာရီလောက်တွင်မန္တလေးရထားသီးကာ အချိန်ကြာမြင့်ပြီးနောက် မန္တလေးသို့ရောက်ခဲ့လေသည်။ဦးညွန့်အားကျန်ခဲ့ပါဟုဆိုလေရာ ဦးညွန့်ပေးသည့်လိပ်စာအတိုင်းသွားရာ အပြာနုရောင်တိုက်ကျဥ်းလေးထဲတွင်စိတ်မကောင်းဖြစ်စွာထိုင်နေသော သူစိမ်းတစ်ယောက်နှင့် ၄ နှစ် သို့ ၃နှစ်အရွယ်ကလေးငယ်တစ်ဦးအားတွေ့လိုက်ရသည်။
သူမတကယ်အံအားသင့်ရပါသည်။တက္ကသိုလ်မှာကတည်းက ဖော်ရွေပြီး ယဥ်ယဥ်ကျေးကျေး ဆက်ဆံတတ်တယ့် သူမအဖို့ လူချစ်လူခင်ပေါများလှသည်။သို့ပေမယ့် အဘယ်ကြောင့် လုပ်ကြံခံရသည်ဟု ဦးညွန့်ပြောရသနည်း။သူမတွေး၍မရပါ။သူမငိုချင်စိတ်အား ချုပ်ထိန်းကာ ဝင်သွားဖို့ ကြိုးစားသော်လည်း မအောင်မြင်ပေ။စိတ်ထဲက ထိုအိမ်ကလေးအားဝင်သွားချင်သော်ညား ခြေလှမ်းများမည်သို့မှလှမ်းမရပေ သူမအဖေ၏မကောင်းသည့်လုပ်ရပ်ကြောင့်လားပင်မသိ။မဆုံဖြစ်သောကာလများတွင် ဘာတွေများဖြစ်ခဲ့နေပါလိမ့်။တောင်းပန်ပါတယ်လဲ့ရီ နင့်အနားမှာကြာကြာမရှိနိုင်ခဲ့မိဘူး တောင်းပန်ပါတယ်။တောင်းပန်သည်ဟူသောစကားသည်သူမ စိတ်ထဲတွင်ထပ်တလဲလဲ စွဲမြဲနေအောင်ရေရွတ်နေမိသည်။ထိုအချိန်၌အိမ်ရှေ့တွင်ရပ်နေသောသူမအားကလေးနှင့်အတူထိုင်နေသော အမျိုးသမီးတစ်ဦး၏စူးရှရှအကြည့်များကျရောက်လာ၏။ထိုအကြည့်စူးစူးများသည် ဒေါ်လျှမ်းပ ပေဖြစ်သည်။
တစ်ဖက်ကဒေါ်လျှမ်းမအဖို့ သူမ၏အရင်းနှီးဆုံးညီအမလိုနေသည့်သူမအတွက်ညီမလေးတယောက်အားဆုံးရှုံးရသလိုပင်။ထိုကလေးလေးအားလည်းချစ်လှသည်။မိဘများမရှိတာကြောင့်လဲသနားမိလှသည်။အဒေါ် ကျွေးမွေးစောင့်ရှောက်ပါရစေကလေးရယ်။ြခံရှေ့တွင်ရပ်နေသောအရပ်ရှည်ရှည် အသားဖြူဖြူနှင့် အမျိုးသမီးတစ်ယောက် ယုတ်မာတတ်မည့်ရုပ်မျိုးပင် တစ်စုံတစ်ရာကိုသူမတစ်ထစ်ချယုံကြည်မိပါသေးသည်။လဲ့ရီရီညိုနှင့် စိုးအောင် ကိုလုပ်ကြံသွားသည့် သူများလည်း အရှိန်အဝါလဲကြီးမည့်ပုံပင် သို့ပေမယ့် အဝေးမှာမို့လို့ သူမရုပ်အားမဖမ်းမိပေ။ထိုအခိုက်မှာပင် သည်အမျိုးသမီးထွက်သွားတာတွေ့လိုက်ရပေသည်။
ခြံရှေ့ကနေအဝေးတစ်နေရာလမ်းထောင့်မှခုံလေးတွင်ထိုင်ကာ အထင်မှတ်ထားလောက်အောင်ငိုခဲ့မိပါသည်။ဘယ်ဘဝကဝဋ်ကြွေးတွေများလည်းချစ်ရတယ့်သူပကိုပိုင်ဆိုင်ခွင့်လဲမရှိသလို သူမပုံရိပ်တွေကိုမြင်နိုင်ခွင့်တောင်မရှိဘူးတဲ့လေ ဪချစ်နေရတာဟာလဲ ဝဋ်ကြွေးပါပဲလား..
ဘောင်းဘီအိပ်ကပ်ထဲမှ ဒူးယားတစ်လိပ်ထုတ်ကာ သောက်နေရုံသာတတ်နိုင်ပါတော့သည်။မိန်းကလေးတန်မဲ့ ဒူးယားမသောက်နှင့်ဟုတားတားနေတတ်သောလဲ့ရီအားသတိရမိနေသည်။

YOU ARE READING
ကြွေလွင့်စဥ်
Fanfiction"ကျွန်မနှလုံးသားကိုသူမဆီမှာမြုပ်နှံပြီးသားပါ ကြွေလွင့်စဥ် မို့မျက်ရည်နဲ့ပဲရင်းနိုင်ပါတယ်"