"ပျော်လား"
"ပျော်တာပေါ့ ဘွဲ့ရသွားပြီဒါမယ့် ဘာအလုပ်ရှာရမှန်းတော့မသိသေးဘူး"
"အင်းးဒါဆိုဘယ်သွားချင်လဲ သွန်းညို ကိုယ်လဲ ခရီးမသွားရတာကြာတော့ သွားချင်သား"
"သမီးကတော့ မန္တလေးသွားချင်တယ် မေမေတို့ ဖေဖေတို့ ဒေါ်ဒေါ်တို့နေခဲ့တာဆိုတော့လေ ဒါမယ့်...."
ဝင့်ထည်နန်ဒီ သည် အရင်အမှတ်တရများအား မြင်ယောင်မိသော်လည်းခေတ္တမေ့ထားကာ
"အင်း..ဒါဆိုလဲ ကိုယ်တို့တူတူသွားကြမယ်လေ မနက်ဖြန်လောက်ရော ကိုယ်ကတော့ အလုပ်ကိစ္စမန္တလေးသွားဖို့ရှိတာနဲ့အတော်ဖြစ်သွားတာပေါ့"
ရိပ်သွန်းညို၏ ခေါင်းလေးအားပုတ်ခါပြော၏။
"အဝတ်တွေလိုအပ်တာတွေ ထည့်ထားအုံးနော် မထည့်တတ်ရင်ကိုယ်ထည့်ပေးမယ်"
"ဟာ...အန်တီကလည်းဒီအရွယ်ပဲရောက်နေပြီကိုးးမထည့်တန်ပဲနေပါ့မလားလို့"
ရိပ်သွန်းညို သည်ဝင့်ထည်နန်ဒီအားပြုံးကာဆိုလေသည်။
နောက်တစ်နေ့မနက်၅နာရီမထိုးခင်လောက်ထကာပြင်ဆင်ရသည်။သူမတစ်ခါမှမမြင်ဖူးသည့်ပုံစံနှင့် မိန်းမငယ်လေးအားတွေ့လိုက်ရသည်မှာ အံ့အားသင့်စရာပေ။အပြာနုရောင်ဂါဝန်တိုတိုလေးအားဝတ်ထားပြီး သူမအားပြုံးပြလေသည်။အမှန်တကယ်လှပါပေသည်။အုပ်ထိန်းဖို့ရာဖြစ်လာသော်လည်း သူမအဖို့မချစ်မိပဲမနေနိုင်ပါလား အဟင်း လဲ့ရီ ငါနင့်ကိုမေ့ပစ်ဖို့အချိန်တန်ပြီလားတောင်မသိတော့ဘူး အချိန်ကတော့အရင်ကတည်းကတန်နေပြီးသားပါ ဒါပေမယ့် ငါဘက်ကပဲမေ့ပစ်ဖို့ကိုမလုပ်နိုင်ပဲ အချိန်မတန်သေးတာပေါ့။
ဝင့်ထည်နန်ဒီသည် သူမ၏ လက်ပတ်နာရီအားအချိန်ကြည့်ကာ......
"သွန်းညို....ကိုယ်ကားသွားပြင်လိုက်အုံးမယ် အိတ်တွေကိုတင်ပြီးထားပြီနော်.."
"ချစ်စရာကောင်းတယ်.."
ထိုစကားလုံးအားဝင့်ထည်နန်ဒီ၏ပါးစပ်မှခပ်တိုးတိုးထွက်မိပါသေးသည်။
ရိပ်သွန်းညို သည်သူမအားပြုံးပြကာ
YOU ARE READING
ကြွေလွင့်စဥ်
Fanfiction"ကျွန်မနှလုံးသားကိုသူမဆီမှာမြုပ်နှံပြီးသားပါ ကြွေလွင့်စဥ် မို့မျက်ရည်နဲ့ပဲရင်းနိုင်ပါတယ်"