Episode 4

39 4 1
                                    

ခြံရှေ့ရှိအမှိုက်များအားလှည်းကျင်းနေခိုက် ခေါင်းထဲတွင်စူးခနဲ ခံစားလိုက်ရသည်။မထင်မှတ်ထားမိသည့်အချိန်တွင် မျက်လုံးများမဖွင့်နိုင်တော့ပါ အသက်ရှုသံများ ပြင်းစွာ ကြားရလျက် သတိမေ့မျောစွာဖြင့်လဲကျသွားခဲ့သည်...။

"ဟေ ဒေါ်လျှမ်းပ ထအုံးလေ ဟေဟေ..ထူကြပါအုံး ဘယ်လိုတုန်း လဲကျကုန်ပြီ ဒီအဒေါ်ကြီးတော့.."

.

.

ကလင်.. ကလင်..

ထိုအိမ်ဖုန်းသံအားကြားရ၍ ထိုင်နေရာမှ ရိပ်သွန်းညို ထ ၍ မြန်မြန်ပင် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို.."

"အာ...အာရိပ်..ရိပ်သွန်းညိုလား"

"ဟုတ် ဘယ်သူလဲဟင်.."

"နင့် အဒေါ်..နင့်အဒေါ်သတိလစ်သွားလို့အသက်လဲသိပ်မရှူတော့ဘူး လောလောဆယ်ဆေးရုံပို့ထားတယ်"

"ဘယ်ဆေးရုံလဲ ဟင်..သမီးလိုက်လာခဲ့ပါ့မယ်"

" **ဆေးရုံလေ လိုက်လာခဲ့လိုက်လာခဲ့..."

သူမစိတ်ပူနေသည်ဆိုတာကို မျက်လုံးများအားကြည့်ရုံနှင့်အသိသာပင်

ခပ်သွက်သွက်ပင် အိမ်ထဲမှထွက်ကာသွားမည်အလုပ် ဝင့်ထည်နန်ဒီ ရောက်လာသည်။

"ဘယ်သွားမလို့လဲ.."

"သ..သမီးအဒေါ်လေ မူးလဲလို့တဲ့ အဲ့တာဆေးရုံတင်ထား...ရရတာ လိုက်သွားမလို့"

"ဟုတ်လား ဒါဆိုအန်တီ့ဝင့်လိုက်ပို့ပေးမယ်သွားမယ်"

သည်လိုနဲ့ပင် ဆေးရုံသို့ ရောက်လာကြသည်။

"ဒေါ်..ဒေါ်ဒေါ်ရော ဒေါ်ကြီးမေဝင်း "

"အင်း သမီးဒေါ်ဒေါ်သမီးကိုစောင့်နေတယ်တယောက်တည်းလာခဲ့လို့ပြောတယ် အဲ့တာကြောင့် ဒေါ်ဒေါ်ဒီမှာစောင့်နေမယ်နော်"

"ဟုတ်ဟုတ်.."

ဝင့်ထည်နန်ဒီ သည်ဝင်သွားမယ်အပြု

"ဟိတ်..ညီမ..မဝင်နဲ့လေသူတို့တူကြီးတွေစကားပြောပါစေလား သူ့အဒေါ်က..ကျန်းမာရေးကောင်းတာမဟုတ်ဘူးဆရာဝန်ပြောတာတော့ကွယ် သိပ်မခံနိုင်တော့ဘူးတဲ့ ခလေးမလေးတော့သနားပါတယ်ကွယ်"

ကြွေလွင့်စဥ်Where stories live. Discover now