အန်တီ့ဝင့်ကိုသဘောကျတယ်တယ့်လား သူမ၏စိတ်ကိုထွေပြားစေ၏ သူမနှလုံးသားတစ်နေရာမှာလဲ့ရီရီညိုသည်အမြဲရှိသည် သို့ပေမဲ့ သူမ၏ စိတ် နှလုံးသား အရာအားလုံးအားယခုသိမ်းပိုက်ထားသူမှာ ရိပ်သွန်းညို ကိုယ်တိုင်ပင်ဖြစ်၏။
"ကြာပြီလား"
"အင်းးချစ်တာကြာပေါ့"ထိုစကားသည်သူမ၏နှလုံးသားခေါင်းလောင်းအားမြည်စေသည်။
"အန်တီဝင့်က ကျ မချစ်ဘူးလား နားလည်ပါတယ် အန်တီကသမီးကိုဒီတိုင်း.."
"ကိုယ်လဲ ချစ်တာပေါ့ကွယ် အတွေးမလွန်နေနဲ့လေ"
ထိုစကားသည် သူမအားအလိုလိုနေရင်းနှင့်ပင်ပျော်ရွှင်စေသည်။
ကျောက်စိမ်းဘုရားမှ အပြန် ဦးပိန်တံတားသို့သွားရန်တိုင်ပင်ခဲ့ကြသော်လည်း ဝင့်ထည်နန်ဒီ၏အလုပ်ကိစ္စသည် ချက်ချင်းပင်အရေးတကြီးဝင်လာသည်။ဘာများဖြစ်နိုင်မလဲ။သူမတို့ခရီးသွားမည်ဆိုသော် companyနှင့်ပက်သက်သည်များအားလဲ မဆက်သွယ်စေသလို ရဲကိစ္စအမည်ခံသည်ကတော့ စိုးရိမ်စရာပင်မရှိပေ။
" **** "
"ဘယ်သူဖုန်းဆက်တာလဲအန်တီ..ကိုင်လိုက်ပါ"
သူမသည်ဖုန်းအားကိုင်၍ ဖုန်းနံပါတ်အားကြည့်ကာ ရိပ်သွန်းညို အနားကပင်ချက်ချင်းခွာလိုက်ပြီး ထွက်သွားလေသည်။ရိပ်သွန်းညိုမှာပင်တစ်ယောက်တည်းငြူငြူကြီးပင်ကျန်ရစ်၍စောင့်နေမိ၏။
"ဘာလို့..ဖုန်းဆက်တာလဲ မင်းကို ခုချိန်မှာ ဘာတွေနဲ့ပက်သက်သက်မဆက်နဲ့ပြောထားတယ်လေ"
"ကျွန်တော်တောင်းပန်ပါတယ်သခင်မ သခင်ကြီးက မြန်မာနိုင်ငံပြန်လာနေပြီတဲ့ သတင်းထဲမှာလဲ ပြန့်နေတယ် သခင်မနည်းနည်းပါးပါးကြည့်လိုက်ပါအုံးဗျ ပြီးတော့ ပြန်ရောက်ရောက်ချင်းသခင်မကိုတွေ့ချင်တယ်ပြော.."
"ငါဒယ်ဒီနဲ့မတွေ့ချင်ဘူးပြောလိုက် လဲ့ရီရဲ့ကိစ္စကတည်းက ငါသူ့မျက်နှာကိုမမြင်ချင်တာ"
"သခင်ကြီးက မတွေ့ချင်တာသိလို့ လာဖြစ်အောင် လာဖို့ပြောပါတယ် ပြီးတော့ စကားပါးခိုင်းလိုက်ပါတယ် ဒီတစ်ယောက်ရောဆုံးရှုံးချင်လားတဲ့"

YOU ARE READING
ကြွေလွင့်စဥ်
Fanfic"ကျွန်မနှလုံးသားကိုသူမဆီမှာမြုပ်နှံပြီးသားပါ ကြွေလွင့်စဥ် မို့မျက်ရည်နဲ့ပဲရင်းနိုင်ပါတယ်"