Episode 5

33 4 1
                                    

"ဝင့်ထည်..ဝင့်ထည်နန်ဒီ..ငါတောင်းပန်ပါတယ်.. "

ဖြတ်ခနဲအိပ်နေရာမှထကာ

"ဟင်..ဘယ်သူ...ဘယ်..အာ..အိမ်မက်မက်နေတာဘဲ..လဲ့ရီကိုးး..အဟင်းလွမ်းတယ်လွမ်းတာထက်ကိုပိုလွမ်းမိတယ်.."

သူမ၏မျက်လုံးမှတစ်ဆင့် မျက်ရည်များစွာ စီးကျ၍ အချိန်ကြာမြင့်စွာ သာငိုနေမိပါ၏။

ဖြောင့်စင်းနေသော ဆံပင်ရှည်များ မျက်လုံးဝိုင်းဝိုင်းများနှင့် ပြေပြစ်ကျော့ရှင်းနေသော ခန္ဓာကိုယ်အချိုးအစားအား ပိုင်ဆိုင်ထားသည်မှာ လဲ့ရီရီညိုပေ မြန်မာစာရှိ ကွင်း (Queen)ဆိုသူလဲမမှား။

လဲ့ရီရီညို၏တွဲဖော်တွဲဖက်အချစ်ဆုံးသူငယ်ချင်း သူမှာ ဝင့်ထည်နန်ဒီ ဆိုသည့်မိန်းကလေးဖြစ်သည်။သူမသည်လည်း မိန်းတက္ကသိုလ် သမိုင်းမေဂျာရှိ ကွင်းဖြစ်သည်။ကပြားဆန်ဆန်အပြာရင့်ရောင် မျက်လုံးများနှင့် အရပ်ရှည်ရှည်အသားဖြူဖြူ ဝေ့များရှိသောဆံပင်များနှငွ ဘုရားပေးသည့်ဆုလာဘ်လို့ လူအများချီးမွမ်းခြင်းအား ခံရသူဖြစ်သည်။

သူများတို့မိသားစု၏အကြောင်းများအားမည့်သူ့ကိုမှပြောမပြသူလည်းဖြစ်၏။သူမတို့မိသားစုသည် ထိုခေတ်ထိုအခါ၌ တန်ဖိုးကြီး နိုင်ငံခြားဘရန်း(brand)များအားသုံးစွဲနိုင်၍သာမာန်ထပ် အနည်းငယ်သာချမ်းသာသည်ဟု ထင်ရသော်လည်းမှားပေသား။အဖေသည်အမေရိကန် အမေသည် မြန်မာ-ရုရှား ကပြား နိုင်ငံခြားတွင်သာမက မြန်မာနိုင်ငံမှာပါ စက်ရုံ ကုမ္ပဏီ များနှင့် လူအများမသိသောအတွင်းပိုင်းတွင် ငွေမဲလုပ်ငန်းအများအပြားကိုလုပ်ကိုင်ကြသည်။ဝင့်ထည်နန်ဒီသည်လဲထိုကိစ္စများအားမစိမ်းလှ။သူမတို့လုပ်ငန်းအားဖျက်ဆီးသူမှန်သမျှကို သူမကိုယ်တိုင်သတ်ပြစ်လေ့ရှိသည်။လးအများရှေ့မှာလျှင်သာ အပြစ်မရှိသည့်ခလေးပမာပေ။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဝင့်ထည်နန်ဒီ သည်လဲ့ရီရီညိုအားအချိန်ကြာမြင့်စွာစောင့်နေလေသည် သို့ပေမယ့် အချိန်များသွာကြာမြင့်၍ ဘွဲ့ရဓာတ်ပုံမှတ်တမ်းများရိုက်ပြီးသည် အထိရောက်မလာခဲ့ပါ ဒါပေမယ့်သူမဆီအားစာတစ်စောင်ရောက်လာခဲ့၏။

ကြွေလွင့်စဥ်Where stories live. Discover now