အခန်း ( ၁၀ )ကိုအောင်နိုင်ကို အိမ်သို့ ခေါ်လာခြင်း။

246 0 0
                                    

ကိုရင်ဦးမောင် ကား သူတို့ ဝင်းထဲ မောင်းဝင်လာတာကို မိုးမ ဝရံတာမှ တွေ့လိုက်ရသည်။ ထိုအချိန်မှာ ပင် မိုးမတယောက် ကိုမောင်ငယ်ဆီမှ ခေါ်လေမလားလို့ စောင့်မျှော်နေရင်း တွေ့များ တွေ့ရများဟု ပတ်ဝန်းကျင်တဝိုက် ကိုလည်း မျက်စေ့ကစားနေမိသည်။ သို့ သော်လည်း ကိုမောင်ငယ့် ဆီမှ ဘာသံမျှ မကြားရ သဖြင့် အနည်းငယ်တော့ စိတ်ပျက်မိလေသည်။ သူ့ကိုယ်သူလည်း ဘာကြောင့် အဲလို ဖြစ်တာလဲ ဆိုတာ ပြန်မေးမိနေ၏။

မိုးမ က ကိုရင်ဦးမောင် ကားထဲကို လှမ်းကြည့်သေးသည်၊ သို့သော်လည်း ကိုရင်ဦးမောင် နှင့် ပါလာသော ဧည့်သည် မျက်နှာကို သေခြာ မမြင်လိုက်ရပေ။ ကိုရင်ဦးမောင်က သာ ကားပြတင်းပေါက်မှ သူ့ဆီသို့ လက်ဝေ့ယမ်း ပြသည်ကို လှမ်း မြင်နေရသည်။ ကားက မြေအောက်ထပ် ကားပတ်ကင်ထဲသို့ မောင်းဝင်သွားသည်ကို တွေ့လိုက်ရသည်။ မိုးမ လည်း ဝရံတာမှ အိမ်တွင်းသို့ ပြန်ဝင်လာခဲ့လေသည်။ သူတို့ ဒါဆိုရင်တော့ ဓါတ်လှေခါးနှင့်တက်လာကြလိမ့်မည်ဆိုတာ သူသိသည်။

မိုးမ က အိမ်တံခါးမ ကို ဖွင့်ကာ အဝမှ နေ၍ ဓါတ်လှေခါးရှိရာဖက်ကို လှမ်းမျှော်စောင့်နေလိုက်သည်။ မိုးမ တယောက် စာမေးပွဲဖြေခါနီး ကျောင်းသားတယောက်လို ရင်တွေ ဘာကြောင့်ခုံနေတာလည်း သူ့ကိုယ်ပင် သူမသိခြေ။

မိုးမ ငေးကြည့်နေတုန်း ဓါတ်လှေခါး တံခါးပွင့်လာပြီး ကိုရင်မောင်တို့ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ကိုရင်မောင်က မိုးမ ဆီသို့ လက်ညိုးထိုးပြပြီး သူ့သူငယ်ချင်း ကို စကားပြောလာ၏။ ကိုအောင်နိုင်က မိုးမ ကို ခေါင်းငြိမ့် ပြုံးပြရင်း နူတ်ဆက်လိုက်သည်။ မိုးမ ကလည်း ပြန်ပြုံးပြလိုက်ရင်း သူတို့ အိမ်တံခါးဝရောက်သည်ထိ စောင့်နေလိုက်သည်။ ကိုရင်ဦးမောင်တို့ တံခါးဝရောက်မှ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ ကိုရင်ဦးမောင်က မိုးမ ကိုယ်လုံးလေးကို ဖက်ပြီး နူတ်ဆက်လိုက်သည်။

“ အချစ် ဒီဟာ ကိုကို သူငယ်ချင်း အလုပ်ထဲက ကိုအောင်နိုင်တဲ့၊ ကိုအောင်နိုင် ဒါ ကျနော့် အမျိုးသမီး မိုးမ ပါ”

မိုးမ နှင့် ကိုအောင်နိုင် တယောက်ကို တယောက် ပြုံးပြရင်း နုတ်ဆက်လိုက်ကြသည်။ မိုးမ က စိတ်ထဲ မှာ လက်ဆွဲနူတ်ဆက်ဖို့ လက်ကမ်းပေးရမလား ဘာလား မသေမခြာဖြစ်နေစဉ်၊ ကိုရင်ဦးမောင်က၊

မယားတောသူ - Dr.Oo (အတွေးပင်လယ်ပြာ မှကူးယူသည်)Where stories live. Discover now