အခန်း (၁၁) ကိုရင်ဦးမောင်က ကိုအောင်နိုင်အဖြစ် သရုပ်ဆောင်ခြင်း။

228 0 0
                                    

ကိုအောင်နိုင် က ပြန်ရတော့မယ် ဆိုတော့ ကိုရင်ဦးမောင်က သူ့အိမ်ကို လိုက်ပို့ပေးရမှာမို့ အတူတူ ထလိုက်ကြသည်။ မိုးမ က တံခါးဝအထိ လိုက်ပို့ပေးသည်။ ထိုအချိန်မှာ မိုးမ မှာ ကိုအောင်နိုင်နှင့် ဟိုးအရင်ကထဲ က ရင်းနှီးလာခဲ့သူများပမာ ရီမော စကားပြောဆိုနေလေပြီ။ သူတို့ သုံးယောက် တံခါးဝသို့ အသွားတွင် မိုးမ နှင့် ကိုအောင်နိုင့်ကို မျက်လုံးဒေါင့်စွန်းမှ မသိမသာ တချိန်လုံး အကဲခပ်နေသော ကိုရင်ဦးမောင် တယောက် ထူးခြားသည့် လှုပ်ရှားမှုတခု ကို တွေ့လိုက်ရလေသည်။ 

ထိုအရာကတော့ ကိုအောင်နိုင့် လက်တဖက်က လမ်းလျှောက်သည့်အချိန် လွဲလိုက်ရင်း ဘေးနားမှ မိုးမ တင်ပါးလုံးလေး တဖက်ကို မသိမသာ မတော်တဆလို ဖြင့် အုပ်ကိုင်ပြီး ပွတ်လိုက်ခြင်းပင်။ စက္ကန့်ပိုင်းလောက်ပင်ဖြစ်သော်ငြားလည်း ကိုရင်မောင် က တော့ ကိုအောင်နိုင် တမင်လုပ်တာ ဖြစ်ကြောင်း သေခြာသိလိုက်သည်။ကိုရင်ဦးမောင်က မိုးမ တယောက် သတိထားမိသလား ဆိုတာကို အလျှင်အမြန်အကဲခတ်လိုက်သော်လည်း မိုးမ က ပုံမှန်ဘာမှ မဖြစ်သလို မသိလိုက်သလိုပင် မို့၊ မိုးမ တော်တော်ရိုးတာပဲ ဟု တွေးလိုက်မိသည်။ တံခါးဝရောက်တော့ ကိုအောင်နိုင်က၊

“ ကော်ဖီနဲ့ မုန့်တွေ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် မမိုးမ ရေ၊ ကျနော်တော့ မမိုးမ ကို အရမ်းခင်သွားမိပြီ၊ နောက်တခေါက် ကိုရင်ဦးမောင် ဖိတ်ပါစေလို့ ဆုတောင်းရမှာပဲ”

မိုးမ ကလည်း ပြုံးပြီး၊

“ အို ဒါလေး များ ကိုအောင်နိုင်ရယ် ဘာမှ မဟုတ်တာလေးကို၊ နောက်လည်း လာလည်ပါ၊ အချိန်အရွေးပါနော်၊ နောက်တခါလာရင်၊ အမျိုးသမီး နဲ့ ခလေး တွေပါ ခေါ်ခဲ့ပါလား၊ ပျော်ပျော်ပါးပါးပေါ့”

ကိုအောင်နိုင့်ကို ကိုရင်ဦးမောင်က သူ့ကားဖြင့် အိမ်အပြန်လိုက်ပို့လေသည်။ ကိုရင်ဦးမောင်က ကားမောင်းရင်းက၊

“ ကိုအောင်နိုင်၊ ကျွန်တော့်မိန်းမ ဘယ်လိုနေလဲဗျ”

ကိုအောင်နိုင်မှာ မမျှော်လင့်ထားသော မေးခွန်းကြောင့် ရုပ်တရက်ကြောင်သွား၏၊ ကိုရင်ဦးမောင် မျက်နှာကို ပြန်ကြည့်ရင်း၊

မယားတောသူ - Dr.Oo (အတွေးပင်လယ်ပြာ မှကူးယူသည်)Where stories live. Discover now