ဥက္ကာက ရလိုရငြား မိုးမ ကို ထပ်ပြီး တွေးတိုးစမ်း လိုက်ပြန်သည်။
“ မမ ရယ် ကျေးဇူးပြုပြီးတော့ အရင်တခါတုန်းက လုပ်သလို မမ ရဲ့ ခြေထောက်ကို သံတန်းလေး ပေါ်တင်ပေးပါလား၊ ကျနော် အရင်တခါတုန်းက မြင်လိုက်ရတာလေး အရမ်းကို ကြိုက်မိလို့ပါ၊ တကယ်က ကျနော်က ဒိထက် ပို ပြီး နီးနီးနားနားက ကြည့်ခွင့်ရချင်လိုက်တာ၊ ကျနော် စိတ်ပျော်ရွှင်ရအောင် လုပ်ပေးပါလားမမရယ်နော်နော်..”
“ အောင်မယ် နင်စိတ်ပျော်ရွှင်အောင် ငါက ဘာလို့ လုပ်ပေးရမှာလည်း၊ အဲတုန်းက ငါက နင့်ကို သက်သက် စချင်လို့ လုပ်လိုက်တာ။ ဒါကြောင့် ငါနင့်ကို ပြောတာပေါ့ မိန်းမယူလို့၊ ပြီးမှ နင့်မိန်းမ ကို နင် ပြခိုင်းလေ”
မိုးမက အသံမာမာ မဟုတ်ပဲ လေပြေလေးဖြင့်သာ ပြောလိုက်ခြင်းဖြစ်သော်လည်း ဥက္ကာက မိုးမ စိတ်ခုသွားပလားဟု စိုးရိမ်သွားမိသည်။
“ အို မမ စိတ်အနှောက်အယှက် ဖြစ်သွားသလား ဗျာ။ မမ စောစောတုန်းက တော့ လုပ်ပြခဲ့ပြီးတော့ အခုမှ ဘယ်လိုဖြစ်သွားတာလဲဗျာ”
“ အရင်တခါက ငါ့ကိုယ်ငါ ဘာလို့ လုပ်ပြမိခဲ့မှန်းမသိဘူး။ ငါနင့်ကို အပြောင်အပျက် သဘောမျိုးနဲ့ လုပ်ပြလိုက်မိတာပဲ ဖြစ်မယ်။ အဲဒါက အဲဒီမှာ တင် တစခန်းရပ်သင့်ပြီ၊ နင်ငါ့ကို ထပ်ပြီးတော့ အဲလိုမျိုးတွေ ပြောလာခဲ့ရင် နင့်ကို ငါစကားပြန်မပြောတော့ဘူး။ ဟော ငါ့ယောက်ျား ပြန်လာနေပြီ သွားပြီ ဒါပဲ”
မိုးမ က ဖုန်းကို ပိတ်ပြစ်လိုက်လေသည်။ ဥက္ကာ လည်း ဦးနှောက်စားနေလေသည်။ မိန်းမ တွေ က တော်တော် ခက်တာပဲ၊ တခါတလေ သူတို့ ကပဲ စမြူဆွယ်ပြီး တခါတလေကျတော့လည်း သူတော်ကောင်းမ ကြီး ကျနေတာပဲ၊ စောက်ကောင်မတွေ၊ ချီးမှ ပဲ၊ ဟု တွေးနေမိလေသည်။
ကိုရင်ဦးမောင် ကားရောက်လာတော့ ဥက္ကာက ဂိတ်တံခါးကို ဖွင့်ပေးရင်း သူယောက်ျားကို လက်ဝှေ့ယမ်းပြနေသော မိုးမ ရှိရာကို တချက်လှမ်းကြည့်လိုက်သည်။ မိုးမ ကလည်း ဥက္ကာမျက်နှာ ပုတ်နေသည်ကို သတိထားမိလေသည်။ ကိုရင်ဦးမောင်ကတော့ သူ့မိန်းမ ဘယ်သူနဲ့ ဖုံးပြောနေတာလဲ ဆိုတာကို သိချင်စိတ်အရမ်းပြင်းပြ နေပြီး သူ့မိန်းမ မျက်နှာအမူအယာ ဘယ်လိုနေမလဲ တွေးရင်းက အိမ်ကို လောလော လောလော ပြန်လာခဲ့လေတော့သည်။
YOU ARE READING
မယားတောသူ - Dr.Oo (အတွေးပင်လယ်ပြာ မှကူးယူသည်)
Short Storyကိုရင်ဦးမောင် အိမ်ထောင်ပြုတော့ အသက်က ၂၇ ရှိပြီ။ ဘာဖြစ်လို့ အဲလောက်တောင် အချိန်ဆွဲနေခဲ့မိလဲ ဆိုတော့ မိန်းမတယောက်နဲ့ အိမ်ထောင်ပြုပြီး အိမ်ထောင်သည်ဘဝကို အောင်အောင်မြင်မြင် ထိန်းသိမ်းနိုင်ပါ့မလား ဆိုတာကို သူ့ကိုယ်သူ မသေခြာခဲ့လို့ပါပဲ။ သူ့ပထမဆုံး လိင်ကိစ...