Part *1

294 9 0
                                    

ဆံပင် ကြားထဲ ကပ် ညှိလာတဲ့ စက္ကူစ ကို ဆွဲယူလ်ိုက်သည့်အခါ ခနဲ့တဲ့တဲ့ ရယ်သံကိုကြားလိုက်ရသည် ။

အာ့ဒီအမြင်ကပ်ချင်စရာ ရယ်သံက သူ့ရဲ့ခုံကနေရေတွက်ရင် တစ်ခုံကျော်လောက်က လူတစ်ယောက် ဆီကမှန်း ၊ ဆောင်းဟွန်း လှမ်းမကြည့်ဘဲ သိနှင့်ပြီးသား ။

ဆောင်းဟွန်း ပုံမှန်အတိုင်းလိုဘဲ စက္ကူစ တွေကို အံဖုံးထဲ ထည့်လိုက်ပြီး ၊ note မှတ်တဲ့စာအုပ်ကိုဘဲ အာရုံစိုက်ထားလိုက်သည်။

ဖောက် ခနဲ ဖောက်ခနဲ စက္ကူစတွေက ပထမထက်ပိုများလာပြီး ၊ ဆောင်းဟွန်း ဆံပင်နက်တွေလည်း ဖွေးဖွေးလှုပ်သွားရသည် ။

"အော် !ဟော် !ဆောင်းဟွန်း ကို ထိုင်လျက်အိပ်ပျော် နေတယ်ထင်နေတာ "

တောက်ပ ပြီးလုံးဝိုင်းတဲ့ မျက်ဝန်း တွေမှာ လှောင်ပြောင် မှုတွေအပြည့် ၊

အာ့ဒီမျက်ဝန်းတွေကို ဆောင်းဟွန်း မကြည့်ချင်ဆုံး ။ သို့ပေမဲ့ ဟီဆွန်း ရဲ့ရှေ့တွင် ထပ်မံရောက်လို့ နေပြန်သည် ။

"မင်း တော်သင့်ပြီ လို့ မတွေးမိဘူးလား "

"အင် ! ဆောင်းဟွန်း ဘာပြောလိုက်တာလဲ ။ သေ ချာ မကြားရလို့ နောက်တခေါက်လောက်... "

ဆောင်းဟွန်း ရဲ့ထူထဲတဲ့ နှုတ်ခမ်းတွေ တင်းတင်းစေ့ပိတ် သွားရသည် ။ ဟီဆွန်း ကျေကျေနပ်နပ် ပြုံးလိုက်ရင်း

"ဟုတ်သားဘဲ ။ ဆောင်းဟွန်း က ဒီအတန်းမှာ စာအတော်ဆုံး မလား ။ အာ့တော့ စာအညံ့ဆုံးကျောင်းသားနဲ့ ဘယ်ရန်ဖြစ် ရဲ မလည်း ။ image ကျသွား မှာပေါ့ "

ဟီဆွန်း သူ့ကို တမင်မခံချင်အောင် ဆွနေမှန်း ဆောင်းဟွန်း သိနေသည် ။ ဟီဆွန်း နဲ့ သူ ထိပ်တိုက်ရင်ဆိုင် တွေ့လိုက်တိုင်း အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေတာက ဟီဆွန်း က အတန်းထဲမှာ ဆရာ တွေကတောင် ဥပေက္ခါ ပြုထားရတာကြောင့် ၊

"မင်းနဲ့ ရန်ဖြစ်ဖို့ မင်းဆီ လာတာ လို့ တွေးမနေနဲ့ ။ မင်းလို လူစားမျိုး နဲ့ ရန်ဖြစ်နေလို့ ငါ့အချိန်တွေကုန်သွားတာဘဲ ရှိမယ် "

"ဟောဗျာ ! မပတ်သက်ချင်ဘူး ဆိုလဲ မင်းရောက်နေတာ ငါ့နေရာနော် "

Paloraid LoveWhere stories live. Discover now