"လူမှားပြောနေမိတာလား..ကျွန်တော် က ပတ်ဆောင်းဟွန်း မဟုတ် ဘူးနော်..!!
ဆောနူး အာ့တော့မှ screen ပေါ် ပြူးပြူးပြာပြာ ဖြင့်ကြည့်မိလိုက်သည်။ဟိုက်! သေတာဘဲ "နှစ်ယောက် မရှိသော အဆောင်း " ဆိုတဲ့ contact က ပေါ်မနေချေ ။
"ဆောရီး နော် ၊ အသိတစ်ယောက်နဲ့ မှားသွားလို့...ဒီက ဘယ်သူနဲ့ တွေ့ချင် လို့ပါလဲ.. "
"အစ်ကို ဆောနူး နဲ့ဘဲတွေ့ချင်တာ.. တစ်နေ့က ဆေးဆိုင်မှာ အစ်ကို ကူညီပေးလိုက်တဲ့ တစ်ယောက် ပါ .. "
"သြော်.!!! သူငယ်ချင်းအတွက် ဆိုပြီး ဆရာဝန် လာရှာ တဲ့ တစ်ယောက် မလား.."
"ဟုတ်တယ်ဗျ ..ကျွန်တော့် နာမည်ကိုရော သတိရမိလား.. "
"သိပ်ရတာပေါ့ ..မင်း နာမည်က နစ် ခိနဲ့ စတာမလား "
အစ်ကို့ဆီက နစ် ခိ လို့သေချာခေါ်လိုက်သံ ကြားမှဘဲ သူ စိတ်ချလက်ချနေနိုင်တော့သည်။
" ကျွန်တော်ကတော့ ခုထိ အစ်ကို ကျွန်တော့်ကို ရင်းနှီးတယ်လို့ မခံစားရသေးဘူးဗျ "
"အမ်..!! ဘာဖြစ်လို့လဲ..!! နာမည်လည်းသေချာမှတ်မိတယ်လေ "
တစ်ဖက်က ဇဝေဇဝါ ဖြစ်သွားတဲ့ အစ်က်ို့ အသံကို ကြားနေရသည် ။ အူတူတူလေး ဖြစ်နေမဲ့ အစ်ကို ဆော ကို မြင်ယောင်မိပြီး နစ် ခိ ပြုံးလိုက်သည်။
"အစ်ကို ကျွန်တော့်ကို ပတ် ဆောင်းဟွန်း ဆိုတဲ့လူ နဲ့ မှားပြီး ခေါ်လိုက်သေးလို့... "
"ဆောင်းဟွန်း ??"
အစ်ကို ပြော,ပြောနေတဲ့ ဆောင်းဟွန်း ဆိုတဲ့ လူကို နစ် ခိ သိပ်သဘောမတွေ့ ။ ဆောင်းဟွန်း ဆိုတဲ့လူ နှင့် အစ်ကို ကဘယ်လိုပတ်သက်မှုမျိုးလဲ...
"အော်...စောနက ဆောင်းဟွန်း အစ်ကို့ကို ဖုန်းဆက်နေတာရယ်... အာ့အချိန် နစ် ခိ ဖုန်းကလဲ တိုက်တိုက်ဆိုင်ဆိုင် ဝင်လာလို့ မှားသွားတာ ။ ဆောရီး..!! ဆောရီး.."
ဆောင်းဟွန်း ဆိုတဲ့လူနှင့် အစ်ကို က ထင်ထားတာထက် ရင်းနှီးနေတာဘဲ??နစ် ခိ အတွေးထဲတွင် မေးခွန်းပေါင်းများစွာက အစိုင်အခဲ တစ်ခုသဖွယ် ကြီးစိုးလာသည်။
YOU ARE READING
Paloraid Love
Fanfictionမင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..