ကျယ်ဝန်းလှသည့် ကျောင်းဝန်းထဲ ခြေချမိလိုက်သည် နှင့် ကျောင်းသားအားလုံးရဲ့ အာရုံစူးစိုက်မှုတွေက ပတ်ဆောင်းဟွန် ဆီသို့ စုပြုံတိုးဝှေ့လာကြသည် ။
"ဟယ်! အာ့တစ်ယောက်က ဘယ်သူလဲ ဟယ်! ! ချောလိုက်တာ မှုန်နေတာဘဲ "
အဝေးကနေတောင် ထင်း ခနဲ မြင်နေရတဲ့ မျက်ခုံးနက်နက်တွေရယ် ၊ ဗန်ဒါအစေ့ ကဲ့သို့ ရှည်သွယ်သွယ် မျက်ဝန်း တစ်စုံရယ် ၊
အာ့သည့် အလှတရားတွေကို ပိုပြီးပေါ်လွင်အောင် နို့နှစ်ရောင် ကဲ့သို့ ဖြူဝင်းလွန်းတဲ့ အသားရေ ကို ပိုင်ဆိုင်ထားသည့် ဆောင်းဟွန်း က ချောမောသည် ဆိုတာထက် ပိုလွန်းနေပြီမလား ။
ဆောင်းဟွန်း က်ိုတွေ့လိုက်တဲ့ ကောင်မလေးတိုင်း တအံ့တသြ ငေးမောကြည့်ရသည်က ထုံးစံလိုဘဲ ဖြစ်နေတတ်သည် ။
"ဆောင်းဟွန်း! !! မောနင်း "
ဆောနူး က သူ့က်ို မြင်တော့ ပြုံးပြကာ နှုတ်ဆက် လိုက်သည် ။
"မောနင်း ပါ !!! ဆောနူး "
ဆောင်းဟွန်း က ပြုံးပြလိုက်ပြီး ၊ မဆိုင်းမတွ နှုတ်ဆက် လိုက်သည် ။
"သူ သူ ခုနက ပြုံးလိုက်တာမလား ။ ချစ်ဖို့ကောင်း လိုက်တာဟယ် "
ဆောင်းဟွန်း ရဲ့ အနီးနားမှ ကောင်မလေးများဆီမှ သဘောကျတဲ့အသံများ ဖြင့် ဆူညံလို့သွားသည် ။
ဆောနူးက ကောင်မလေးတွေဆီကို ခေါင်းငဲ့ကြည့်လိုက်ပြီး ခေါင်းယမ်း လိုက် သည် ။
*ဒီကောင် က လီဟီဆွန်း ကလွဲပြီး ဘယ်သူမှ မြင်တာမဟုတ်ဘူး ဆိုတာကို *
ဆောင်းဟွန်း ရဲ့ ကျက်သရေရှိလွန်းတဲ့ မနက်ခင်း ဟာ ကြာကြာတော့ မခံလိုက်ပါ
ခိုင်မာ သည့် လက်တစ်စုံ က သူ့ပခုံး ဆီကို ဆုပ်ကိုင် လိုက်ခြင်းကြောင့် ဖြစ်သည် ။
"လီဟီဆွန်း !!!! မင်းကိုယ့်လမ်းကို လျှောက် လို့မရဘူး လား "
"ဆောင်းဟွန်း ၊ မနက်စောစော ဘဲ ရှိသေးတာ စိတ်ကို လျော့အုံး "
လီဟီဆွန်း ကို မြင်လိုက်တာနှင့် အစောနက ဆူညံနေသည့် ကောင်မ
လေး တစ်အုပ် ငြိမ်သက် သွားသည် ။
YOU ARE READING
Paloraid Love
Fanfictionမင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..