Part *5

77 4 0
                                    

にしむら りき (Nishimura riki)



"အစ်ကို  ရရဲ့လား "

နစ်ခိ (ni-ki) က စိုးရိမ်တကြီး နှင့် အုတ်နံရံ ပေါ်ကို ယိုင်နဲ့နဲ့ မှီလိုက်သည့် ဟီဆွန်း ဆီ အပြေးအလွှား ရောက်သွား သည် ။

ဟီဆွန်း ရဲ့ လက်တဖက်ကို နစ်ခိ က ပခုံး ပေါ်ဆွဲတင်လိုက်ပြီး ၊ ဟီဆွန်း လဲမကျသွားစေရန် အနောက်ဖက်ကနေပြီး ထိန်းကိုင် ထားသည် ။

"ရတယ် နစ်ခိ ၊ ငါ့ဖာသာ လျှောက် နိုင်သေးတယ် "

"ဟင် ၊ အစ်ကို့မျက်နှာမှာလဲ ဒဏ်ရာတွေနဲ့ ။ ဆေးရုံ အမြန်သွားပြမှဖြစ်မယ် "

ဟီဆွန်း  လေးနက်လွန်းသည့် အမူ
အရာ ဖြင့်

"ဆေးရုံ မပို့နဲ့ ၊ ငါ တတ်နိုင်သလောက် အာ့ဒီလူ ကျစ် ! လီဒယ်ဟန် နဲ့ မပတ်သက်ချင်ဘူး "

လီဒယ်ဟန် ဆိုသည့် အမည်နာမ က  နာကျင်နေ၍ မှေးစင်း ချင်နေသည့် ဟီဆွန်း ရဲ့ မျက်ဝန်းတွေကို မုန်းတီးမှုတွေအပြည့်နှင့် တောက်ပစေ လေသည် ။

နစ်ခိ က စိတ်မသက်မသာ ဖြင့် ဟီဆွန်း ရဲ့ မျက်နှာကို အသာကိုင်လိုက်ပြီး

"အစ်ကိုရာ ၊ သူ နဲ့တွေ့တော့လဲ ဘာအရေးလဲ ။ အဓိက,က အစ်ကို့ မြန်မြန်သက်သာဖို့ ဘဲ "

ဟီဆွန်း က ခေါင်းယမ်း လိုက် ပြီး နစ်ခိရဲ့ လည်သာဂျာကင် ကို ဆွဲကိုင်လိုက်သည် ။

"နစ်ခိ မင်းနားမလည်ဘူး ။ ငါ့စကားကို နားထောင် ၊ ဆေးရုံ မပို့နဲ့ အဟွတ်ဟွတ် "

ဟီဆွန်း ရဲ့ အသံတွေ တိမ်ဝင်လာပြီး
ဖြူဖျော့နေတဲ့ မျက်နှာ ဖြင့် နစ်ခိရဲ့ ပခုံးတွင် ယဲ့ယဲ့လေးသာ ကျန်တော့သည် ။

"ဒါဆိုလဲ ဒီနားက ဆေးခန်းတစ်ခုခုမှာ ပြလိုက်မယ် ၊ အာ့တာ ဆို ဦးလေး အဲ လီဒယ်ဟန် မသိလောက်ဘူး ၊ ဖြစ်တယ်မလား အစ်ကိုဟီဆွန်း "

ဟီဆွန်း က တုံ့ပြန်ပြောမလာတော့ဘဲ နစ်ခိရဲ့ ပခုံးပေါ်တွင် ငြိမ်ငြိမ်လေးရှိ နေသည် ။ နစ်ခိက လည်သာကုတ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး

"ငါတ်ို့ ထွက်လာပြီ ၊ ကျောင်းပေါက်ဝမှာ အသင့်စောင့်နေ ။ လူမသိစေနဲ့ "

Paloraid LoveWhere stories live. Discover now