ဆောင်းဟွန်း ရဲ့ အကြိုက်ဆုံး menu က ကျောင်းက နို့ပေါင်မုန့်ထုပ် ဆိုရင်
အမုန်းဆုံး menu က လီဟီဆွန်း ဆိုတာ ကျောင်းသားတိုင်း ပြောစရာကိုမလို ပေ ။
>>>>>>>
"ဆောင်းဟွန်း ၊ မင်း ဒီနေ့ အတန်းထဲမှာဘဲလား "
"အင်း ၊ ဒီနေ့တော့ မထိုင်ဖြစ်သေးဘူး"
တကယ်က ကန်တမ်း ထဲမှာ မနေ့ကလို လီဟီဆွန်း နဲ့ တွေ့မှာစိုးတာ ကို ထည့်မပြော ဖြစ်လိုက် ။
"အာ့ဆို အတော်ဘဲ ၊ ငါလည်း မသွားဖြစ်လို့ မင်းနဲ့ ထိုင်လို့ရမလား "
ကင်မ် က အသိပေးရုံသာ ၊ စကားမဆုံးခင် မှာဘဲ ထိုင်ခုံပေါ် ရောက်နေပြီးသား ဖြစ်သည် ။
"မနေ့က ငါတကယ်ကို လန့်သွားတာ မင်းတို့ကို ကြည့်ပြီး "
"အမ် ၊ ဘာဖြစ်လို့လဲ "
"မင်း နဲ့ လီဟီဆွန်း လေ "
ကင်မ့် ဆီကနေ လီဟီဆွန်း ဆိုတဲ့ နာမည် ထွက်လာတာနဲ့ ၊ ဆောင်းဟွန်း အမူအရာ တစ်မျိုးပြောင်းသွားသည် ။
"အင်း "
"လီဟီဆွန်း က မင်းကို တစ်ခုခု လုပ်လိမ့်မယ် ထင်လို့ ။ အာ့ကောင် ဗီဇက မင်းသိတဲ့အတိုင်း "
"လီဟီဆွန်း က ငါ့ကို အနိုင်ကျင့်ရဲလိမ့်မယ်တွေးထားရင် မှားသွားမယ် ။ လီဟီဆွန်း ငါ့ကို လက်ပါရဲတာ တွေ့ဖူးလို့လား "
"ဟုတ်သား !! အာ့ကောင် ကို ငါကြည့်နေတာ တစ်ခြားလူကျ မာန်လားမဲလားနဲ့ မင်းဆိုရင် လုံးဝမလှုပ်ရဲတာနော် ။ လင်းပါ အုံး ၊ ချုပ်ထား တဲ့ သိုင်းကွက် လေး "
လီဟီဆွန်း ကို အနိုင်ရလိုက်တယ် ၊ နှိမ့်ချလိုက်ရတယ် ဆိုတဲ့ ခံစားချက် ကြောင့် ဆောင်းဟွန်း စိတ်ပါလက်ပါ ပြုံး မိသွားသည် ။
ဆောင်းဟွန်း ရဲ့ အပြုံးတွေက အခန်းတံခါးမှာ ရပ်နေတဲ့ ကျောင်းသားကို မြင်လိုက်သည်နှင့် ပျောက်ကွယ်သွားသည် ။
တံခါးဘောင် ကို လက်ထောက် လျက် သူ့တို့ဆီကို ဘယ်အချိန်ကထဲက ကြည့် နေမှန်းမသိတဲ့ လီဟီဆွန်း ။
YOU ARE READING
Paloraid Love
Fanfictionမင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..