Part *9

247 16 4
                                    

"ဆောင်းဟွန်း...မင်း ဘယ်တွေသွားနေတာလဲ...ညကလည်း အိမ် ပြန် မအိပ်ဘူး ဆိုပြီး အန်တီ က ဖုန်းဆက် ပြောလို့..."

"မေမေ မင်းဆီ ဖုန်းဆက် ပြောတာလား...ဘယ်အချိန်က ဆက်တာလဲ...ဆောနူး.."

"ခုနလေးတင် ခေါ်သွားတာ...မင်း ဖုန်းကို ဆက်လို့မရလို့တဲ့.."

"အာ..ငါ့ဖုန်းက စက်ပိတ်သွားတာ..ပြန်ခေါ်လ်ိုက်မယ်..ဒါနဲ့ မင်းကို ဘာတွေပြောသွားသေးလဲ..."

"ဘာဖြစ်ရမလဲ..ညက တညလုံး အိပ်သွားတယ်ဆိုပြီး ငါ့မှာ စောစောစီးစီး ကုသိုလ်ယူလိုက်ရတာပေါ့... ကျောင်းရောက်ရင် တစ်ဝိုင်းဘဲ..ဟေ့ယောင်.."

"မဆိုးဘူး..မင်းတောင် အရိပ်အခြေကြည့်ပြီး ပြောတတ်ဆိုတတ်လာပြီ..ဟဲဟဲ.."

ဆောင်းဟွန်း ရဲ့ ရယ်သံသြသြ က အမြင်ကပ်ချင်စရာကောင်းနေ၍ ဆောနူး မျက်စောင်း တစ်ချက် ထိုးလိုက်သည်..။

"ရယ်မနေနဲ့အားတိုင်း... ရောက်ရာအရပ်က အိမ်ကို မြန်မြန်လိမ့်ဖို့ လဲ စဥ်းစား အုံး..မင်း..တကယ်ဘဲ ညက ဘယ်က်ို ရောက်နေတာလဲ..."

"ဆောင်းဟွန်း..ဂိမ်းဆော့ချင်လား..."

မမျှော်လင့် ထားတဲ့ ဟီဆွန်း အသံကို စူးခနဲ ကြားလိုက်ရတဲ့ ဆောနူး မှာ သောက်လက်စ bubble tea တောင် သီးချင်သလို ဖြစ်သွားရသည်...။

"ဟင်..အာ့တာ...ဟီဆွန်း..ဟီဆွန်း ကြီး မလား..ဘယ်လိုဖြစ်ပြီး မင်းကဟီဆွန်း ဆီ ရောက်သွားတာလည်း.."

"ဆောနူး..ဒါဘဲနော်..မနက်ဖန်ကျ တွေ့မယ် .."

"ဟေ့ယောင်...နေအုံးလေ..ရှင်းပြသွားအုံးလေ..ဟဲလို...ဟဲလို..ဆောင်းဟွန်း..တီ...တီ.."

ဆောနူး မျက်လုံး တွေကို စိတ်ပျက်ပျက် ဖြင့် အပေါ်သို့ တစ်ချက် လှန်လိုက်ရင်း ၊ ချစ်လှစွာသော သူငယ်ချင်းက အားကိုးရှိတော့ သူ့ကို ပလစ်သွားတာများ သစ်စိမ်းကိုချိုးလို့..၊

Wait..wait...ဟီဆွန်း နှင့် အပြတ်စရင်းရှင်းမယ်ဆိုတဲ့ သူ့သူငယ်ချင်းလေးက ရောက်သွားတော့ ဟီဆွန်း ကွန်ဒို မှာတဲ့..

ကြည့်ရတာ... လက်သီးချင်း ထိုးရတာ သံယောဇဥ် မကုန်သေးလို့ နှုတ်ခမ်းချင်းပါ ထပ်တိုးကြမဲ့ ပုံစံပါဘဲ..

Paloraid Love Where stories live. Discover now