Part *8

92 11 0
                                    

နေရောင်ခြည်နွေးနွေးက ဆောင်းဟွန်း ရဲ့ မျက်ခွံပေါ် ခပ်စူးစူး ကျလာ၍ ဆောင်းဟွန်း အလိုလို မျက်မှောင် ကြုတ်လျက် တစ်ဖက်ကို လှည့်ကာ ပြန်အိပ်ဖို့ ပြင်လိုက်သည်။

ဆောင်းဟွန်း အကျင့်အတိုင်း ဖက်အိပ်နေကျ အမွှေးပွရုပ်ကို အိပ်မှုန်စုံဝါး ဖြင့် စမ်းသပ်လိုက်သည်။ သ်ို့သော် အမွှေးပွရုပ်ရဲ့ ခပ်ပွပွအမွှေးအမျှင်တွေအစား လူတစ်ယောက် ရဲ့ ပခုံးတစ်ဖက်ကို သာ စမ်းသပ်မိလိုက်သည်။

ဆောင်းဟွန်း စိတ်ထဲ မရင်းနှီးနေတဲ့ အထိအတွေ့ကြောင့် မျက်လုံး တွေက အလိုလိုပွင့်လာသည်။ ထိုအခါ ဘေးတိုက်စောင်းလျက်အိပ်နေသည့် လီဟီဆွန်း ရဲ့မျက်နှာကို ဘွားခနဲ မြင်လိုက်ရသည်။

ဆောင်းဟွန်း မှာ သူ့အိပ်ရာထဲတွင် ပိုင်စိုးပိုင်နင်း ရောက်လျက်ရှိနေသည့် လီဟီဆွန်းကို နှစ်စက္ကန့်လောက် ငေးကြည့်လိုက်သေးသည်။(XD..)

ဆောင်းဟွန်း ကြည့်နေရင်းမှာပင် လီဟီဆွန်းရဲ့ မျက်တောင်တွေက တဖြည်းဖြည်း လှုပ်ခတ်လာသည်။
ပြီးနောက် လုံးဝိုင်းနေသည့် မျက်ဝန်းတွေဖြင့် မျက်လုံးချင်း ထိတ်လန့်ဖွယ်ဆုံမိသွားသည်။

"မောနင်း..!!! ညက ကောင်းကောင်းအိပ်ပျော်တယ်မလား..."

ဟီဆွန်း က နှုတ်ဆက် လာပြီး နှုတ်ခမ်း များကွေးလာသည့်အထိ နှစ်လိုဖွယ် ပြုံးပြသည် ။ ဆောင်းဟွန်း ကျောရိုးတစ်လျှောက်ထိ ကြက်သီးများ ထသွားရပြီး ဝုန်းခနဲ အိပ်ရာပေါ်က ထ ထိုင်လိုက်သည်။

"မင်း...မင်း..ငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ..ငါ့အခန်းထဲက ခုချက်ချင်း ထွက်..."

"ကိုယ် ကသွားရမယ်တော့ဟုတ်ပါပြီ..ကိုယ့်အိမ်ကနေ ဆင်းရမှတော့   ဘယ်သွားနေရမလဲ.."

ဟီဆွန်း က တစောင်းလှဲနေရာမှ ဆောင်းဟွန်း  နှင့် မျက်နှာချင်း ဆိုင်တွင် တင်ပျဥ်ခွေချိတ် ထိုင်လိုက်သည်။

"ဘာ..!!! မင်းအိမ် ဆိုပြီးပြောလိုက်တာလား..ဒါဆို အခုရောက်နေတာ..."

"အင်း..ကိုယ့်အိပ်ခန်းလေ.."

ဆောင်းဟွန်း က မယုံနိုင်သေးတဲ့ အကြည့်ဖြင့် အိမ်ခန်းပတ်ပတ်လည် ကို သေချာကြည့်ရှုသည် ။ ဆောင်းဟွန်း မော့ကြည့် လိုက်သည့် မျက်နှာကြက် ကအစ အရောင်ပြောင်းနေ၍ ဆောင်းဟွန်း မျက်နှာက ပြိုတော့မဲ့မိုးနှယ် ကွက်ခနဲ ပျက်သွားသည်။

Paloraid LoveWhere stories live. Discover now