ဆောင်းဟွန်း ရဲ့အကြည့်တွေက သူ့အားကျောခိုင်းကာ ဖြေးဖြေး ချင်းလျှောက်လမ်းသွားသည့် ဟီဆွန်း ရဲ့ နောက်ကျောဘက်မှာ မမှိတ်မသုန်လျက်ရှိသည် ။
ဒီတစ်ကြိမ် နှင့်ဆိုလျှင် လီဟီဆွန်း သူ့က်ို လျစ်လျူရှုသွား တာ ခုနှစ်ကြိမ်တိတိ ရှိပြီး ဖြစ်လေသည် ။
သူ့ရဲ့ လက်မောင်းတစ်ဖက်ကို ဆောနူး က လှုပ်ယမ်းလိုက်တော့မှပင် စိတ်နှင့်လူ ပြန်ကပ်လာတော့သည် ။
"ဆောင်းဟွန်း! အသက် ရှိသေးတယ်ဟ ။ ငါက မင်းမတ်တပ်ကြီး အိပ်ပျော်သွားတယ်ထင်လို့ "
"မဟုတ်ဘူး ၊ ဆောရီး ငါနည်းနည်းအတွေးလွန်သွားလို့ "
ဆောနူး က ရယ်ကျဲကျဲ နှင့်
"မသိရင်ခက်မယ် ၊ ဟီဆွန်း အကြောင်း မင်းတွေးနေတာမလား "
ဆောနူး ဆီက ဟီဆွန်း ရဲ့ နာမည်ကြောင့် ဆောင်းဟွန်း အလိုမကျစွာ မျက်မှောင် ကုပ်လိုက်ပြီး
"မင်း ဘာလို့မေးတာလဲ "
"ဟိုဟာ ၊ မင်းက ရောက်ကထဲက ဘာစကားမှမပြောဘဲ ဟီဆွန်း ကိုဘဲ ကြည့်နေလို့ ဟီး "
"ဟီဆွန်း အာ့အရူးကောင် ထူးဆန်းနေလို့ "
ဆောနူးက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး
"ဟုတ်တယ် ၊ ဒီကောင် မင်းကို မနှောင့်ယှက်တော့တာ အတော်ကြာပြီ
" ခုဆ်ို မင်းအေးဆေးဘဲလေ ။ နှောင့်ယှက်မဲ့သူလဲ မရှိတော့ မင်း နားအေးပါးအေး နေလို့ရပြီ ။ မကောင်း ဘူးလား "
"ကောင်းပါတယ် "
ဆောင်းဟွန်း ရဲ့လေသံက စိတ်မပါလက်မပါ ရှိနေသည် မို့ ဆောနူး အံ့သြ တကြီး ဖြင့်လှမ်းကြည့်လိုက်သည် ။
"မင်း နေကောင်း တယ်နော် "
"ကောင်းတယ်လေ၊ ဘာလို့လဲ "
ဆောနူး ကခေါင်းတညိတ်ညိတ်နှင့်
"အာ သိပြီ ၊ မင်းစိတ်က မကောင်းတာ ဖြစ်မယ် "
"ဟမ် ငါက ဘာဖြစ်လဲ ၊ ဆောနူး မင်း မရှင်း,မရှင်းနဲ့ သေချာပြောလေ "
ဆောနူး က ခေါင်းကို ဖြေးဖြေး ယမ်းလိုက်ရင်း သူ့အား မှေးစင်းကြည့်လိုက်ပြီး
YOU ARE READING
Paloraid Love
Fanfictionမင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..