"ဘုတ် "
"အင့် "
တစ်စုံ တစ်ယောက် နှင့် အရှိန်ပြင်းပြင်း တိုက်မိလိုက်ပြီး သူမ မြေကြီးပေါ် ပုံပျက်ပန်းပျက် လဲကျသွား သည်။
ဒေါသကြောင့် နီမြန်းသွားတဲ့ သူမ ရဲ့မျက်နှာ လေးသည် တိုက်မိသွားတဲ့ ကျောင်းသားက
ဟီဆွန်း မှန်းသိလိုက်တာနှင့် သွေးမရှိသလို ဖြူစုတ်သွားသည် ။ဟီဆွန်း က ကျောင်းအင်ကျီကုတ် ကို တစ်ချက်ခါလိုက်ပြီး ၊ လဲကျသွား တဲ့ ကောင်မလေး ဆီ လက်ကမ်းပေးဖို့ရွယ်ရုံရှိသေး ၊
"မတော်လို့ ဖြစ်ရတာပါ ၊တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ။ ကျွန်မကို မရိုက်ပါနဲ့ "
အကြောက်အကန်ငြင်းကာ ခြေခေါက်လှဲမတတ် ပြေးသွားသည့် ကောင်မလေး ကြောင့် ဟီဆွန်း မျက်မှောင် ကုပ်လာသည်။
ကျောင်းသား အများစုက သူ့ကိုမြင်တာနှင့် အရင်ကထက် သိသိသာသာ ရှောင်ဖယ်သွားကြသည် ။ မလွှဲမရှောင်သာ သူ နှင့် မျက်နှာချင်း ဆိုင်မိတဲ့ လူတွေကလည်း ကြောက်ကြောက်လန့်လန့် အရင်ဆုံး အကြည့်လွှဲသွားကြသည်။
"ဟဲ့ယောင် ၊ မင်းကြားပြီးပြီလား ။ တနေ့က လီဟီဆွန်း နဲ့ ရန်သွားဖြစ်တဲ့ ဂျင်မီ တို့လေ ။ ဆေးရုံ မှာတောင် အရေးပေါ် လူနာ ဆောင်မှာ ဆိုဘဲ "
"ဒီကောင် တွေကွာ ၊ ကျားအမြီးပြေးဆွဲတာမှ သက်သာအုံးမယ် ။ လီဟီဆွန်း အကြောင်း မသိတာလဲ မဟုတ်ဘဲ "
"ရှူး ၊ မင်းအသံကိုလျော့ ၊ ဟိုမှာ မင်းဘိုးအေ လာနေပြီ ။ ကြားသွားရင် စွဲစိခံနေရမယ် "
နီရှီမူရာ တို့တော့ လက်မလွန်စေပါနဲ့ လို့ အတန်တန်မှာထားရက်နှင့် ။ ဟီဆွန်း ခေါင်းတစ်ချက် ယမ်းလိုက်ပြီး အနီရောင် ဆံပင်တွေကို ခါပစ်လိုက်သည် ။
ကော်ရစ်တာ တလျှောက် တွင် သူ့အား ပုံစံအမျိုးမျိုးနှင့် ငေးမောနေသည့် ကျောင်းသားတွေကို ဟီဆွန်း ဂရုမစိုက် အားပေ ။
မနက်မိုးလင်းကထဲက သူအရမ်းတွေ့ချင်နေတဲ့ တစ်စုံတစ်ယောက်မှ လွဲ၍ ကျန်တဲ့သူတွေကို ပိုးမွှားအကောင်ကဲ့သို့ သဘောထား,ထားသည် ။
![](https://img.wattpad.com/cover/375958671-288-k148269.jpg)
YOU ARE READING
Paloraid Love
Fanfictionမင်းလေးနှလုံးသားထဲ တစက္ကန့်စာမျှသာ ကိုယ့် အတွက် ခိုလှုံခွင့် ပေးခဲ့ရင်..