𝐶ℎ𝑎𝑝𝑡𝑒𝑟 𝑂𝑛𝑒

1K 55 11
                                    

A/N: ဒါလေးကတိတိအရင်ကရေးဖူးတဲ့The Liar And His Loverဆိုတဲ့ficလေးကိုyizhan versionအနေနဲ့ပြန်ရေးထားတာပါနော်

Unicode

I love you, baby....

And if it's quite alright.....

I need you, baby....

To warm the lonely night....

I love you, baby.....

Trust in me when I say....

Oh, pretty baby....

Don't bring me down, I pray....

Oh, pretty baby.....

Now that I've found you, stay....

And let me love you, baby....

Let me love you....

"ကျစ်..."

ပန်းချီဆွဲနေရင်း ရုတ်တရက်ကျယ်လောင်စွာထွက်လာတဲ့ ဆူညံဆူညံအသံတွေကြောင့် ရှောင်းကျန့်မျက်မှောင်ကျုံ့လို့ အပြင်ဘက်ကိုလှမ်းကြည့်လိုက်မိသည်။ ဒီလောက်လူခြေတိတ်လှတဲ့ ညသန်းခေါင်အချိန်မျိုးမှာ အော်ဟစ်သောင်းကျန်းနေကြတာ သေချာပေါက်ဘေးချင်းကပ်ခြံကပဲဖြစ်ပါလိမ့်မည်။ မကြာခင်အချိန်ကမှ ရှောင်းကျန့်တို့မိသားစုရွှေ့ပြောင်းလာခဲဲ့တဲ့ဒီရပ်ကွက်က တော်ရုံပိုက်ဆံရှိတဲ့မိသားစုမျိုးပင် မကပ်နိူင်လူကုံထံဆိတ်ငြိမ်ရပ်ကွက်မို့ စရိုက်ဆန်လွန်းတာထိုအိမ်တစ်အိမ်သာရှိလေသည်။

ဝရံတာကိုထွက်ကြည့်လိုက်တော့ သူထင်ထားသည့်အတိုင်း မူးရူးနေတဲ့လူငယ်တစ်စုကခြံထဲမှာဝိုင်းဖွဲ့သောက်စားရင်း အော်ဟစ်သောင်းကျန်းနေကြလေသည်။ ဝရံတာမှာရပ်နေတဲ့သူ့ကိုမြင်တော့ ထိုအုပ်စုထဲက သူကြည့်မရဆုံးဖြစ်တဲ့အရပ်ရှည်ရှည် ဂျစ်ကန်ကန်ရုပ်နဲ့ကောင်က ထိုင်နေရာက မတ်တပ်ထရပ်ရင်း သူ့ဘက်ကိုမျက်နှာမူကာ ဖလိုင်းကစ်ပုံစံလုပ်ပြလိုက်တာမို့ ရှောင်းကျန့်ဒေါသတကြီးဖြင့် တံခါးကိုဆောင့်ပိတ်ရင်း အိမ်ထဲကိုအမြန်ပြန်ဝင်လာလိုက်သည်။

"အဟေးး... ရိပေါ်တို့ကတော့မိုက်တယ်ကွာ"

"ဟိုမှာ မင်းရဲ့အလှလေးရှက်သွားပြီထင်တယ်"

"ရှက်သွားတာလား ရင်ခုန်သွားတာလား ဟားဟား"

"အားကျတယ်ကွာ ဝမ်ရိပေါ်ကို..."

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢Where stories live. Discover now