𝐶ℎ𝑎𝑝𝑡𝑒𝑟 𝑇ℎ𝑟𝑒𝑒

206 27 6
                                    

Unicode

ကျောင်းသွားခါနီး အိမ်ကအထွက်မှာ ခြံတံခါးမှာညှပ်ထားတဲ့ပန်းစည်းကြောင့် ရှောင်းကျန့်မျက်မှောင်ကျုံ့ရင်း ထိုပန်းစည်းကိုလှမ်းယူလိုက်မိသည်။ ပန်းစည်းဆိုတာထက် နေကြာပန်းလေးတစ်ပွင့်ကိုသာ စက္ကူအလှလေးတွေနဲ့သေသေသပ်သပ်ထုတ်ပိုးထားတာဖြစ်ပြီး အထဲမှာကဒ်လေးတစ်ခုလည်းပါသေးသည်။ စာသားတစ်လုံးမှမရေးထားပေမယ့်လည်း အစိမ်းရောင်အသဲပုံလေးတွေကိုမြင်ရုံနဲ့တင် ဘယ်သူဘယ်ဝါမှန်းသိနေတာမို့ ရှောင်းကျန့်ဒေါသတကြီးဖြင့် ထိုပန်းစည်းကိုအမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်။

☂☂☂

မားနဲ့အတူခြံထဲက အပင်တွေကိုရေလောင်းပေါင်းသင်နေရင်း မားကအပင်အားဆေးအထုပ်ကို စတိုခန်းထဲမှာသွားယူမည်ဆိုတာမို့ သူတစ်ယောက်ထဲသာခြံထဲကျန်နေခဲ့သည်။ သူကအပင်တွေအကြောင်း ဘာမှနားမလည်ပေမယ့် မားကသစ်ပင် ပန်းပင်တွေစိုက်ရတာဝါသနာပါသူဖြစ်တာမို့ ခြံထဲမှာဥယျာဥ်အသေးစား​လေးလုပ်ကာ ပန်းပင်မျိုးစုံကိုစိုက်ထားလေသည်။ ဒါကြောင့် အိမ်မှုကိစ္စတွေနဲ့မားအလုပ်ရှုပ်နေတဲ့အခါမျိုးတွေဆို သူကပဲဒီဥယျာဥ်လေးကိုတာဝန်ယူပေးရသည်။

"ဟိတ်... ဟိတ် ဟိတ်.. ဟက်ချိုး"

ပန်းပင်သုံးခက်ရင်းခွဖြင့် ပန်းအိုးထဲကမြေကြီးတွေကိုတူးဆွနေရင်း ခေါ်သံကြားလိုက်တာမို့ အယောင်ယောင်အမှားမှားဖြင့် အနောက်ကိုလှည့်ကြည့်လိုက်ကာမှ နှာထချေပြတဲ့ ဝမ်ရိပေါ်ကသူ့သူငယ်ချင်းအုပ်စုနဲ့ဝရံတာမှာထွက်ရပ်ရင်း တဟားဟားရယ်လို့သူ့ကိုကြည့်နေသည်။

ဒါသူ့ကိုသက်သက်လှောင်ပြောင်နေတာပင်။ ခေါ်သံလိုလိုဘာလိုလိုလုပ်ပြီး သူလှည့်ကြည့်ကာမှနှာချေသယောင်နဲ့ မသိချင်ယောင်ဆောင်နေပြီး အရူးကွက်တွေလာနင်းနေသည်။ ဘေးကသူငယ်ချင်းတွေကလည်း အသံမျိုးစုံလုပ်ကာ တဟီးဟီးတဟားဟားနဲ့ ဒင်းကိုမြှောက်ပေးနေကြသည်။ သူကိုယ်တိုင်ကယောကျာ်းတစ်ယောက်ဖြစ်တာမို့ အခြားယောကျာ်းတစ်ယောက်က သူ့ကိုထိုကဲ့သို့ပြုမူနေသည့်အခါ ဒေါသထွက်သလို ရှက်လည်းရှက်မိသည်။

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢Where stories live. Discover now