𝐶ℎ𝑎𝑝𝑡𝑒𝑟 𝑇𝑤𝑜

235 29 9
                                    

Unicode

"ဟယ် အစ်မဝမ်မတွေ့ရတာကြာပြီနော်။ စျေးလာဝယ်တာတစ်ယောက်ထဲလား။ အသီးတွေလိုချင်ရင် ဖုန်းဆက်လိုက်ရောပေါ့အစ်မရယ်။ ကျွန်မကိုယ်တိုင်လာပို့ပေးမှာပေါ့။ အခုတော့တစ်ယောက်ထဲမနိူင်မနင်းနဲ့"

စျေးထဲကအသီးအနှံတွေရောင်းတဲ့အမျိုးသမီးက သူမကိုမြင်တာနဲ့ လက်ထဲကအထုပ်တွေကိုကူဆွဲပေးရင်း ပြောလာတာမို့ အသာပြုံးလိုက်မိသည်။

"ဒါတော့ဒါပေါ့ညီမရယ်။ အိမ်ရှင်မတွေဆိုတာကလည်း စျေးကိုကိုယ်တိုင်ဝယ်ရမှ ကျေနပ်ကြတာမဟုတ်လား"

"ဟုတ်ပါပြီရှင်။ ဒီတစ်ခါရော ဘယ်နှစ်ပုံးယူမလဲ။ အသီးတွေက မနက်ကလေးတင်နယ်ကပို့လိုက်တာ။ လတ်ဆတ်တာတော့ပြောမနေနဲ့။ ဒါနဲ့ သားလေးရောမတွေ့တာကြာပြီနော်"

"သားယောကျာ်းလေးဆိုတော့လည်း ဒီလိုပဲပေါ့ကွယ်။ ကဲပါ အစ်မကထုံးစံအတိုင်း လိမ္မော်သီးရယ် စပျစ်သီးရယ် ပန်း.."

"ဟေ့ကလေးမ ရှောင်းအိမ်တော်ကိုပန်းသစ်တော်နှစ်ပုံးလောက်ပို့ပေးပါ။ ဘယ်လောက်ကျလဲ"

အသီးဝယ်နေရင်း ကြားဖူးနေတဲ့စကားသံကြောင့်အနောက်ကိုလှည့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းရှောင်းအိမ်တော်သခင်မဖြစ်နေတာမို့ သူမမျက်နှာကိုအရှေ့ဘက်ကိုပြန်လှည့်လိုက်မိသည်။ ရှောင်းသခင်မကလည်း သူမကိုမြင်တယ်တူပါသည်။ မဲ့ခနဲပြုံးရင်း သူမနဲ့ပခုံးချင်းယှဥ်လို့ ဘေးမှာဝင်ရပ်လာသည်။

"ဟိုလေ အဲ့တာက.. ပန်းသစ်တော်က အစ်မဝမ်အတွက်ပဲကျန်တော့တယ်။ သူ့ရာသီချိန်လဲမဟုတ်သေးတော့ နည်းနည်းရှားလို့ တခြားအသီးပဲဖြစ်ဖြစ်..."

"အိုအေ.... ငါအရင်ဝယ်တာပဲ။ အရင်ဝယ်တဲ့သူကိုပဲပေးရမှာပေါ့။ သူကမှာရသေးတာမှမဟုတ်တာ"

အပြန်အလှန်စကားတွေကို သူမနားသာထောင်နေလိုက်ပြီး ဘာမှတော့ဝင်မပြောမိပေ။

"ဒီကအစ်မဝမ်က အရင်ထဲကလတိုင်းပန်းသစ်တော်နှစ်ပုံးကမှာနေကြ။ အဲ့တာကြောင့်.. ဟို..."

"ရပါတယ်ညီမရယ်။ သူပြောသလို အစ်မလည်းမှာရသေးတာမှမဟုတ်ပဲ။ သူ့ကိုပဲပေးလိုက်ပါ။ အစ်မမှာထားတဲ့အသီးတွေကိုပဲ ကားပေါ်လိုက်တင်ပေးလိုက်နော်"

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢Where stories live. Discover now