𝐶ℎ𝑎𝑝𝑡𝑒𝑟 𝐹𝑖𝑣𝑒

460 36 6
                                    

Unicode

ရှောင်းကျန့်နေ့တိုင်းလိုလို ဆေးရုံကိုသွားပြီး ဝမ်ရိပေါ်ရဲ့အခြေအနေကိုသွားကြည့်ဖြစ်သည်။ တကယ်ပဲ ဝမ်ရိပေါ်ကအတိတ်မေ့နေတယ်ဆိုသည့်အတိုင်း ဘာကိုမှအမှတ်ရပုံမရှိပဲ လူနာကုတင်ပေါ်မှာပဲ ငူငူကြီးလှဲနေတတ်သည်။ တစ်ခါတစ်ရံတွေမှာတော့ အရင်ရက်ကလိုမျိုးအော်ဟစ်သောင်းကျန်းနေတတ်သည်။ အခန်းထဲမှာရှိတဲ့ ပြတင်းပေါက်တွေကိုလည်း သံဇကာတွေနဲ့ကာထားပြီး တံခါးအလုံပိတ်ထားတာမို့ အခန်းကလေဝင်လေထွက်နေရောင်မရှိပဲ အုံ့မှိုင်းမှိုင်းနှင့် စိတ်ကျဥ်းကျပ်စရာကောင်းလှသည်။

ထိုအကြောင်းကို တာဝန်ကျဆရာမကိုမေးကြည့်တဲ့အခါမှာတော့ ဝမ်ရိပေါ်ကတစ်ခါတစ်လေစိတ်လွတ်ပြီး ထွက်ပြေးသွားတတ်တာကြောင့် ထွက်ပြေးလို့မရအောင် လုပ်ထားခြင်းလို့ဆိုသည်။ ဘာပဲဖြစ်ဖြစ် ထိုအခန်းထဲမှာနေ့နေ့ညညနေရတဲ့ ဝမ်ရိပေါ်မပြောနဲ့ အပြင်ကနေလှမ်းကြည့်တဲ့ရှောင်းကျန့်မှာ မြင်ရုံနဲ့တင် စိတ်မသက်မသာဖြစ်မိသည်။

ဝမ်ရိပေါ်ဒီဆေးရုံကိုစရောက်လာတဲ့အချိန်နဲ့ အက်စီးဒင့်ဖြစ်တဲ့အချိန်ကိုတွက်ကြည့်မယ်ဆို အက်စီးဒင့်ဖြစ်ပြီးမကြာခင်မှာတင် ရောက်လာပုံပင်။ သူ့ထက်ပင်စောလျင်စောဦးမည်။ သူကတစ်ပတ်တစ်ခါဆေးရုံကိုလာတိုင်း ကလေးတွေနဲ့တွေ့ပြီးတာနဲ့ ပြန်သွားတတ်တာမို့ ဝမ်ရိပေါ်နဲ့မဆုံရခြင်းဖြစ်လိမ့်မည်။ ဒီနေ့တော့ အိမ်ကနေရှောင်းကျန့်ထွက်လာတဲ့အချိန်က အနည်းငယ်စောနေတဲ့အပြင် မနက်စာမစားရသေးတာမို့ ဆေးရုံအောက်ထပ်ကကန်တင်းမှာ ကော်ဖီဝင်ဝယ်နေရင်း ရင်းနှီးနေတဲ့အသံကြောင့် အနောက်ကိုအလျင်အမြန်လှည့်ကြည့်လိုက်မိသည်။

"အကိုက အရင်ရက်ကကျွန်တော်နဲ့မတော်တဆဝင်တိုက်မိတဲ့အကိုမဟုတ်လား"

သူ့ကိုတွေ့တော့ဝမ်းသာအားရဖြင့်နှုတ်ဆက်လာတဲ့ဝမ်ရိပေါ်ရဲ့စကားသံကြောင့် ရှောင်းကျန့်မျက်လုံးအပြူးသားဖြင့်ကြောင်နေမိသည်။ မိမိကိုယ်ကိိုမလုံမလဲစိတ်ကြောင့် ရှောင်းကျန့်မသိကျိုးကျွန်ပြုပြီး အမြန်လှည့်ထွက်ပြေးဖို့ပြင်လိုက်ပေမယ့် ဝမ်ရိပေါ်က သူ့ရဲ့လက်ကောက်ဝတ်တစ်ဖက်ကို လှမ်းဆွဲလိုက်တာမို့ သူကြောင်သွားမိသည်။

𝑇𝑜 𝐷𝑒𝑎𝑟 𝑌𝑜𝑢[𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now